Winner ဆုနဲ့ လွဲချော်ခဲ့ရပေမယ့် ပရိသတ်တွေရဲ့အချစ်တွေကို အများဆုံး သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အေးမြဖြူ

အနုပညာ

ပရိသတ်ကြီးရေ.. မိုးသိုလေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မလေး အေးမြဖြူကတော့ Myanmar Idol Season (4) ရဲ့ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကို အများဆုံး သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်နော်..။သူမရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့ အသံချိုချိုအေးအေးနဲ့ လိုက်ဖက်လွန်းတဲ့ သီချင်းလေးတွေအပြင် ဒိုင်တွေကပါ အမြဲချီးကျူးရတဲ့ အေးမြဖြူလေးကတော့ မိန်းကလေးပရိသတ်တွေအပြင် ယောက်ျားလေးပရိသတ်တွေကပါ ချစ်ခင်ကြသူလေးပါနော်..။

ပရိသတ်တွေရဲ့ အချစ်တော်လေးအေးမြဖြူကတော့ ပြိုင်ပွဲစဉ်တစ်လျှောက် အကောင်းဆုံး သီဆိုယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာသိမ်းပိုက်ထားတာလည်း ပရိသတ်ကြီးများ အသိပါပဲနော်..။အသံချိုချိုအေးအေးလေးကို ပိုက်ဆိုင်ထားတဲ့အပြင် ချစ်စရာကောက်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာဆိုလည်း မမှားပါဘူးနော်..။

အသက်အငယ်ဆုံးဖြစ်ပေမယ့် ထူးခြားတဲ့ကိုယ်ပိုက်အရည်အချင်းတွေနဲ့ ပြိုင်ပွဲစဉ်တစ်လျှောက် သီဆိုမှုနဲ့ ဟန်ပန်တွေကလည်း နားထောင်သူပရိသတ်တွေတိုင်းကို နှစ်သက်သဘောကျစေပါတယ်နော်..။Winner ဆုနဲ့လွဲချော်ခဲ့ပေမယ့် အကောင်းဆုံးကြိုးစားခဲ့တဲ့ အေးမြဖြူ ( မိုးသို‌လေး )အတွက် အားပေးစကားလေးတွေပြောပေးသွားဖို့ မမေ့ပါနဲ့ဦးမော်.. ပရိသတ်ကြီးရေ..။