သားလေးကိုခေါ်ပြီး ဘန်ကောက်ကို မိသားစုလိုက်ခရီးထွက်နေတဲ့ ယွန်းဝတီလွင်မိုး

အနုပညာ

အကယ်ဒမီမင်းသားကြီး လွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးက ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတာ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက အရွယ်ရောက်လာပြီးတဲ့နောက်ပိုင်မှာ ကြော်ငြာတွေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပြီး အနုပညာလောကမှာ နေရာတစ်နေရာမှာ ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မင်းသားကြီးလွင်မိုးနဲ့အတူတူ ယွန်းဝတီလွင်မိုးကို ချစ်ခင်စွာ အားပေးကြပါတယ်။

ယွန်းဝတီလွင်မိုးက သြစတေးလျမှာ ကျောင်းတက်နေသူလေးတစ်ယောက်ဖြစ်ပြီး လက်ရှိကျောင်းပိတ်ရက်မှာတော့ မြန်မာပြည်ပြန်လာပြီး သားလေးလွင်ထက်နဲ့အတူတူ မိသားစုကို အချိန်ပေးနေတာပဲ ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးတို့ မိသားစုလေးက ဒီဇင်ဘာအားလပ်ရက်လေးမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်ကိုသွားရောက်လည်ပတ်ရင်း အနားယူနေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးတို့ မိသားစုပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းဝတီလွင်မိုးက အခုဆိုရင် ချစ်စရာကောင်းတဲ့သားလေး လွင်ထက်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ မိသားစုလေးကို အကောင်းဆုံးအချိန်ပေးရင်း ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ သားလေးနဲ့အတူတူ ခရီးသွားရင်း အချိန်တွေကုန်ဆုံးနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယွန်းဝတီလွင်မိုးမိသားစုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး