မြင်သူတိုင်း အသည်းကိုဖမ်းစားလိုက်တဲ့ မြူလင်းကိုကိုရဲ့ ချစ်စရာဗီဒီယိုလေး

အနုပညာ

ကိုရီးယားမလေးတွေလို ချစ်စရာကောင်းလွန်းတဲ့ အလှတရားကိုပိုင်ဆိုင်ထားတဲ့ မြူလင်းကိုကိုကတော့ နိုင်ငံကျော် အနုပညာရှင် လင်းဇာနည်ဇော်ရဲ့ သမီးချောလေးဖြစ်ပြီး သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားသူလေးလည်းဖြစ်ပါတယ်။ သူဟာ ပညာရေးအတွက် သြစတေးလျနိုင်ငံကို ရောက်ရှိနေတာဖြစ်ပီး မိဘအပေါ်သိတတ်လိမ္မာတဲ့ သမီးလေးတစ်ယောက်ပါ။

လင်းဇာနည်ဇော်ရဲ့ သမီးလေးဖြစ်တဲ့ မြူလင်းကိုကိုဟာဆိုရင် ချစ်စရာကောင်းလှတဲ့အပြင် ထူးချွန်ထက်မြတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။မြူလင်းကိုကိုရဲ့ အလှကြောင့် လင်းဇာနည်ဇော်ကို ယောက္ခမကြီးလို့လည်း ယောက်ျားလေးပရိသတ်တွေရဲ့ စနောက်ခေါ်ဝေါ်ခြင်းကို ခံနေရပါသေးတယ်။မြူလင်းကိုကိုကတော့ သူရဲ့တစ်နေ့တာလုပ်ရှားမှုတွေကို ချစ်ပရိသတ်တွေအတွက် အမြဲ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်လေ့ရှိပြီး လက်ရှိမှာတော့ သူ့ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကတော့ မြင်သူတိုင်းရဲ့အသည်းကို ဖမ်းစားထားတာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ နိုင်ငံကျော် အနုပညာရှင် လင်းဇာနည်ဇော်ရဲ့ သမီးချောလေးဖြစ်ပြီး သူ့ရဲ့ ကိုရီးယားမလေးတွေလို ချစ်စရာကောင်းလွန်းတဲ့ အလှတရားကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ မြူလင်းကိုကို ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကိုဝေမျှပေးလိုက်ပါတယ်။