သစ်ရွက်စိမ်းလေးတစ်ရွက်လို ငေးကြည့်နေရလောက်အောင်လှတဲ့ ယွန်းယွန်း

အနုပညာ

ပရိသတ်တွေ ငယ်စဉ်ကတည်းက အားပေးချစ်ခင်ကြရတဲ့ ယွန်းယွန်းက အခုဆိုရင် အလှသွေးကြွယ်တဲ့ အပျိုဖားဖားကြီး ဖြစ်လို့နေပါပြီ။ ချစ်စရာကောင်းတဲ့ ယွန်းယွန်းလေးက လက်ရှိမှာတော့ ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာမေဂျာကို သင်ယူထားတဲ့ နောက်ဆုံးနှစ်ကျောင်းသူကြီး ဖြစ်လို့နေပါပြီ။ ယွန်းယွန်းက ပညာသင်ကြားနေရင်းနဲ့ သူမရဲ့ အနုပညာလုပ်ငန်းတွေနဲ့ အဆက်မပြတ်သွားအောင် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ယွန်းယွန်းက သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်အချို့ကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ ပရိသတ်တွေအတွက် ယွန်းယွန်းရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းယွန်းက နှစ်ဆယ်ကျော်အရွယ်လေးကို စတင်ရောက်ရှိနေပြီဆိုပေမယ့် ငယ်ငယ်ကအတိုင်း အရမ်းကိုချစ်စရာကောင်းလွန်းနေပြီး အသည်းယားစဖွယ်ကောင်းပါတယ်။

ယွန်းယွန်းက ကျောင်းစာသင်ယူနေရတာမို့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မရိုက်ကူးသေးပေမယ့် ကြော်ငြာနဲ့ ပွဲတက်တွေကိုတော့ လက်ခံရိုက်ကူးပေးနေလျက်ရှိတာကို တွေ့ရပါတယ်။

ယွန်းယွန်းကတော့ တစ်နေ့တစ်ခြား အလှတွေတိုးလာလိုက်တာနော်။ ပရိသတ်ကြီးလည်း ယွန်းယွန်းရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး