ခင်ပွန်းရဲ့ မိဘတွေနဲ့ မိသားစု စုံစုံညီညီ ညစာစားခဲ့တဲ့ စမိုင်းလ်

အနုပညာ

ပွင့်​ပွင့်​လင်းလင်းနဲ့ အရိုးရှင်းဆုံး​နေထိုင်​တတ်​တာ​ကြောင့်​ပရိသတ်​တွေက အချစ်ပိုနေရတဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာအလုပ်တွေ မလုပ်တော့တာတောင် အားပေးတဲ့ပရိသတ်တွေ ရှိနေဆဲပါ။ ချစ်ရတဲ့မိသားစုနဲ့အတူ သာယာတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ လတ်​တ​လောမှာ​ ခင်ပွန်းရဲ့ မိဘတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ညစာစားခဲ့တဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။ အရမ်းကို စိတ်ထားကောင်းတဲ့ စမိုင်းလ်ကတော့ မိသားစုကိုလည်း အရမ်းတန်ဖိုးထားပြီး ချသ်တတ်သူလေးမို့ ခင်ပွန်းရဲ့အချစ်ကို တိုးတိုးပြီး ရရှိထားတာပါနော်။

ချစ်​ပရိသတ်​တွေအတွက် အရမ်းကို နွေးထွေးတဲ့ စမိုင်းလ်​တို့မိသားစုလေးရဲ့ညစာစားပွဲက ပုံရိပ်​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

စမိုင်းလ်​က​တော့ “Family time ” ဆိုပြီး ခင်ပွန်းဖြစ်သူရဲ့ မိဘတွေနဲ့ ညစာစားခဲ့တဲ့ သူမတို့ မိသားစုလေးရဲ့ပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာပါ။ အနေအထိုင် ရိုးရှင်းတဲ့ စမိုင်းလ်ကိုတော့ ယောက္ခမတွေကလည်း အရမ်းချစ်ကြတာပါနော်။

စမိုင်းလ်ရဲ့ အမဖြစ်သူကတော့ စမိုင်းလ်လိုပဲ အရမ်းလှတယ်နော်။

အမြဲ Ro နေတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ စမိုင်းလ်တို့မိသားစုကိုချစ်ရင် Share သွားကြဖို့ မ​မေ့ကြနဲ့​နော်​။

မိုမိုလေး