နှစ်သစ်မှာ လူတိုင်းစိတ်ကောင်းထားနိုင်ဖို့ ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ဖြစ်ရပ်လေးနဲ့ ပရိသတ်ကို ပြောပြလိုက်တဲ့ ချမ်းချမ်း

အနုပညာ

မကြာခင်အချိန်မှာတော့ (၂၀၂၀)ခုနှစ်ကိုရောက်တော့မှာဖြစ်ပါတယ်။ လူတိုင်းကတော့ နှစ်သစ်ကိုရောက်တိုင်း လူသစ်၊စိတ်သစ်၊ ရည်မှန်းချက်အသစ်တွေဖြစ်လာနိုင်ဖို့နဲ့ မကောင်းတာတွေအကုန်လုံးကို ချန်ခဲ့နိုင်ဖို့စဉ်းစားကြစမြဲပါ။ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းကတော့ နှစ်သစ်အတွက်သူ့ရဲ့ခံယူချက်နဲ့ပတ်သက်ပြီး “ကဲ..နှစ် တစ်နှစ်ကုန်တော့မယ်..ပြန်စဉ်းစားကြရအောင်..ကောင်းတာတွေ ဘယ်နှစ်ခုဖြစ်ခဲ့လဲ.. လူတိုင်းနောင်တ အမှားနဲ့မကင်းကြပါဘူး..ဒါပေမယ့် သိသိရက်နဲ့ဆက်မှားနေရင်တော့ အမှန်ကိုရောက်ဖို့သိဖို့ ခက်ခဲလိမ့်မယ်…ဒီနေ့ ဒီအချိန်ကစလို့ ကိုယ့်အကြောင်းကိုယ်စဉ်းစားပါ.. စိတ်ဝင်စားပါ.. ကိုယ့်ကိုကိုယ်အချိန်မပေးဘဲ သူတစ်ပါး ဘဝအကြောင်း..အတင်းပြောနေတာတွေဟာ လူဖြစ်ရကျိုးမနပ်တဲ့အပြင် မကောင်းတဲ့စိတ် မကောင်းတာတွေဘဲ ဆက်တိုက်ဖြစ်နေပါလိမ့်မယ်” လို့ရေးသားခဲ့ပါတယ်။

 

ဒါ့အပြင် သူများအကြောင်းကိုပဲ စိတ်ဝင်စားနေတတ်သူတွေကြောင့် သူကိုယ်တိုင်ကြုံတွေ့ခဲ့ရပုံကို ဥပမာလေးပေးပြီး “မနေ့က ဥပမာအနေနဲ့ပြောပြရရင်….ကျမတို့ myanmar plaza သွားကြတယ်..ညစာစားကြတယ်..သမီးလေးကကစားကွင်းမှာကစားကြတယ်..ပြီးတော့ဆံပင်ညှပ်တယ်…ကျွန်မ မုန့်ဈေးတန်းမှာမုန့်စားနေတုန်း ကိုယ့်ကိုလှမ်းကြည့်တဲ့သူတွေရဲ့အကြည့်တွေထဲမှာ (၂၅)ရာခိုင်နှုန်းသာ လှိုက်လှိုက်လှဲလှဲရှိကြပြီး (၇၅)ရာခိုင်နှုန်းဟာ အတင်းအဖျင်းလှမ်းပြောနေကြရင်းအချိန်ကုန်သွားကြတယ်..ကျွန်မကတော့ပြုံးနေဆဲပါပဲ..ဒါဟာအနုပညာရှင်တစ်ယောက်မို့ပြုံးပြတာမဟုတ်ဘူး..ကျွန်မစိတ်ထဲမှာလူအားလုးံကိုတန်းတူ ဆက်ဆံချင်တာပဲသိတယ်..ကိုယ့်ကိုမပြုးံပြလို့လဲမမုန်းပါဘူး…ဒါပေမဲ့ တဖက်သားက ပြုးံပြတာတောင်..ပြန်မပြုးံပြနိုင်ဘူးဆိုကတည်းက တဖက်လူဟာဘယ်လောက်သနားစရာကောင်းသလဲ..သူဘက်ကလဲ စပြီးခြေဆုးံခေါင်းဆုံးကြည့်တယ်…ပြီးတော့လဲ မလိုတဲ့ပုံစံနဲ့ကြည့်တယ်ဆိုတော့..ဒါဟာ..သူနိုင်သွားတာမဟုတ်ဘူး..သူဟာ…သနားစရာကောင်းတာ..သူတပါးကို မနာလိုမုန်းတီးတဲ့စိတ်နဲ့သူ့အချိန်တချို့ကိုကုန်ဆုးံစေတာ သနားစရာပဲ..


မိတ်ဆွေ နှစ်လဲကုန်ပြီ..စိတ်ကောင်းစေတနာမွေးပါ..လူတိုင်းအခက်အခဲ ..နာကျင်မှု ကျရူးံမှုတွေရှိတယ်.လဲကျရင်ပြန်ထပါ..ပြန်ထလာသူကိုချီးမွမ်းပါ..ကြိုဆိုပါ..နောင်တချိန်မှာသင်လဲကျတဲ့အခါသင့်ကိုနွေးထွေးစွာပြန်ကြိုဆိုကြပါလိမ့်မယ်..သူတပါးလဲကျတာကိုမရီပါနဲ့..သင်လဲတချိန်ဒီနေရာမျိုးမရောက်လာဘူးလို့မပြောနိုင်ဘူး…မိတ်ဆွေအားလုးံစိတ်နှလုးံအေးချမ်းနိုင်ကြပါစေ..လောဘတေကင်းကြပါစေ…မနာလိုကင်းကြပါစေ…နှစ်သစ်အတွက်စေတနာအပြည့်ဖြင့်မေတ္တာပို့လိုက်ပါတယ်” လို့ရေးသားခဲ့ပါတယ်။ ချမ်းချမ်းကတော့ သူခံယူထားတဲ့စိတ်ထားနဲ့ သူကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ။ ပရိသတ်ကြီးရော နှစ်သစ်အတွက်ဘယ်လို ခံယူချက်တွေနဲ့ရှေ့ဆက်ဖို့ ပြင်ဆင်နေပြီလဲ။