နှစ်သစ်ရဲ့အစမှာ ကုသိုလ်တွေလုပ်ရင်း ဖြတ်သန်းနေတဲ့ မင်းသမီးချောလေး ဖွေးဖွေး

အနုပညာ

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့အပြင်၊ ကလေးတစ်ယောက်လို ချစ်စရာကောင်းတာကြောင့်ပါ ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတာပါ။ စိတ်ထားလည်း ပြည့်ဝတဲ့ ဖွေးဖွေးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်တတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖွေးဖွေးက နှစ်သစ်ရဲ့အစမှာ ပါမောက္ခချုပ် ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသရဲ့တရားတော်ကို ကိုယ်တိုင်နာကြားခဲ့ရလို့ ပီတိဖြစ်နေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ဘာသာတရား ကိုင်းရှိုင်းလွန်းသူလေး ဖွေးဖွေးရဲ့ ကြည်နူးပီတိဖြစ်ဖွယ်ရာ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖွေးဖွေးကတော့ “နှစ်ဉီး တရားအလှူ ဒုတိယ​နေ့ 🙏✨✨✨✨✨ပါမောက္ခချုပ် ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ ကို ဘဝမှာ ပထမဆုံးအကြိမ် တီဗွီထဲက မဟုတ်ပဲအပြင်မှာ ဖူး​ခွင့်ရခဲ့ပါတယ်ရှင့် ဆရာ​တော်ဘုရား​ဟော​ပေးခဲ့တာ​တွေထဲမှ…ကိုယ်နားလည်သလို ပြန်​ပြောရမယ်ဆိုရင်​တော့ အသင်းအဖွဲ့တခု နိုင်ငံတခုရဲ့အစိတ်အပိုင်းဘယ်ကဏ္ဍကမဆိုအသီးသီးဟာ ခန္ဓါကိုယ်အစိတ်အပိုင်းတခုချင်းစီလိုပဲ အားလုံး Equally Important ပါ… တဲ့ ဥပမာ ပုံပြင်​လေးတခု လဲ​ပြောသွားတာ အရမ်း မှတ်မိသွားပါတယ်.. ဆရာ​တော်​​ဟောကြား​ပေးတဲ့အတိုင်းအတိအကျမဟုတ်​ပေမယ့် ​ဖွေး နားလည်သလို​လေးပြန်​ဝေမျှချင်ပါတယ် ..လူတ​ယောက်မှာ အစာအိမ်ဟာ အစား​တွေကိုလက်ခံတဲ့အလုပ်လုပ်ပါတယ် … အဲ့အချိန်မှာမျက်စိက အစားကိုအရင်မြင်​ပေးရသလို ​ခြေ​ထောက်အစုံကအစာစီ​ရောက်​အောင်သွား​ပေးရတယ်။

အစာနား ​ရောက်တဲ့ချိန်မှာ​တော့ လက်ကယူ​ပေးပြီး ပါးစပ်ကဝါး​စား​ပေးရပါတယ် … ​နောက်ဆုံးအစာ များကို အစာအိမ်ကလက်ခံ​ပေးပါတယ်.. တ​နေ့မှာ​တော့ ခန္ဓါကိုယ်အစိတ်အပိုင်းအချင်းချင်းမသင့်မြတ်​တာ​တွေအငြင်းပွားစရာ​တြွေဖစ်လာပါတယ် တဲ့။မျက်စိကလဲငါက အစာကိုမြင်​အောင်သာရှာ​ပေးရတယ် ဒါ​ပေမဲ့စားလဲမစားရဘူးတဲ့။ အစာအိမ်ကပဲဝိုက်သွားတယ်တဲ့။ခြေ​ထောက်​တွေ လက်​တွေပါးစပ်​တွေကလည်း ငါတို့ ကကျ​တော့ အစာရှိရာ​နေရာကို သွား​ပေး ယူ​ပေးရပြီး ​နောက်ဆုံး​တော့ အစာအိမ်ဆိုတဲ့​ကောင်ကပဲ အစား​တွေစားစားရတယ်​ပေါ့ မ​​ကျေနပ်ကြ​တော့ပဲ …မျက်စိကလဲ အစာမရှာ​ပေး​တော့ဘူး.. ​ခြေ​ထောက်ကလဲအစားရှိရာမသွား​ပေး​တော့ဘူး..တဲ့..အချိန်​တွေကြာလာ​တော့ အစာအိမ်​​လေးက အစားမစားမဝင်​ရတော့ လူ့ခန္ဓါတခုလုံး အားအင်ချိနဲ့လဲပြိုချင်လာ​တော့တယ်..တဲ့..။ မျက်စိ ကလဲ​ဝေဝါးလာ…​ခြေ​ထောက်အစုံကလဲ​ထောက်ဖို့လှမ်းဖို့​တောင်အားနည်းလာ​​တော့မှ…သူတို့ရဲ့အမှားစိတ်ကို အမြင်မှန်ရသွားကြ​တော့…တယ်တဲ့ …

ပါချုပ်ဆရာ​​တော်ဘုရား ရဲ့ အချင်းချင်း Teamwork ​ကောင်းဖို့ အချင်းချင်းအငြင်းမပွား အမုန်းမပွားပဲ ကိုယ့်ရရှိတဲ့ ကဏ္ဍ အသီးသီးမှာ တာဝန်​ကျေပြီး ညီညွတ်​စေချင်တဲ့ စေတနာတရားကို ခံစားလိုက်ရတာပါပဲ… ဒီနိုင်ငံဟာ “လူ့ခန္ဓါ” ဖြစ်ခဲ့ရင် ..ခန္ဓါကိုယ်အစိတ်အပိုင်းတခုချင်းစီ အားလုံးဟာလည်း…. အားလုံးကျန်းမာချမ်းသာကြပါ​စေ … ” ဆိုပြီး နှစ်သစ်ရဲ့အစမှာ ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ပရိသတ်တွေကိုပါ တရားကုသိုလ် ဝေမျှပေးထားတာပါ။

ဖွေးဖွေးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ဘာသာတရားကိုင်းရှိုင်းပြီး၊ ကုသိုလ်ရေးဆို လက်မနှေးတဲ့ ဖွေးစိန်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

မိုမိုလေး