တစ်နေ့တစ်ခြား အဖေတူလာတဲ့ သမီးလေးတွေကို ချစ်မဝနိုင်ဖြစ်နေတဲ့ ချစ်သုဝေ

အနုပညာ

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းက သူတို့ရဲ့ အနုပညာလမ်းမပေါ်မှာ အောင်မြင်စွာ လျှောက်လှမ်းနေကြသူတွေ ဖြစ်ပါတယ်။ ချစ်သုဝေနဲ့ လင်းလင်းက (၂၀၁၄) ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး နှစ်ယောက်အတူတူ အနုပညာအသစ်တွေ ဖန်တီးနေလျက်ရှိပါတယ်။


ချစ်သုဝေနဲ့ လင်းလင်းက New Year ကာလမှာ ရှိုးပွဲတွေကို သွားရောက်သီဆိုနေပြီး သမီးလေးတွေကိုပါ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ချစ်သုဝေက သူမတို့ မိသားစုလေးရဲ့ မန္တလေးခရီးစဉ်အမှတ်တရတွေကို အခုလိုပဲ မျှဝေထားပါတယ်။


ခေတ်နဲ့သစ်ကလည်း ဖေဖေ၊ မေမေနဲ့ အချိန်တွေအတူတူ ကုန်ဆုံးခဲ့ပြီး ညီအစ်မနှစ်ယောက် ချစ်ချစ်ခင်ခင် ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။


ချစ်သုဝေကလည်း တစ်နေ့တစ်ခြား ဖေကြီးလင်းလင်းနဲ့ တစ်ပုံစံတည်းတူပြီး နေပုံထိုင်ပုံပါတူလာတဲ့ သမီးလေးတွေကို ချစ်မဝနိုင်အောင် ဖြစ်နေတာကို တွေ့ရပါတယ်။

ချစ်သုဝေနဲ့ သမီးလေးနှစ်ယောက်..အရမ်းချစ်စရာကောင်းကြတာပဲနော်


ချစ်သုဝေနဲ့ လင်းလင်းကတော့ သမီးတွေနဲ့ ခရီးသွားရင်း ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေတို့ မိသားစုလေးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။