သစ်တံခါးဆရာတော်ကြီး မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြင့်ခံရလို့ ဝမ်း​မြောက်နေတဲ့ စမိုင်းလ်

အနုပညာ

ဟန်ဆောင်မှုမရှိပဲ ပွင့်လင်းရိုးရှင်းတဲ့ အနေအထိုင် အပြုအမူတွေကြောင့်​ ပရိသတ်​တွေက အချစ်ပိုနေရတဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာအလုပ်တွေ မလုပ်တော့တာတောင် အားပေးတဲ့ပရိသတ်တွေ ရှိနေဆဲပါ။ ချစ်ရတဲ့မိသားစုနဲ့အတူ သာယာတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ ဘာသာတရား ကိုင်းရှိုင်းသူတစ်ဉီးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စမိုင်းလ်က သူမတို့မိသားစု ယုံကြည်ကိုးကွယ်တဲ့ သစ်တံခါးဆရာတော်ကြီး မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြင့်ခံရလို့ ဝမ်းမြောက်ပီတိဖြစ်နေတဲ့ အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

သူမတို့ မိသားစုကိုးကွယ်တဲ့ သစ်တံခါးဆရာတော်ကြီး မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြင့်ခံရလို့ ဝမ်းမြောက်ပီတိဖြစ်နေတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယနော်။

စမိုင်းလ်ကတော့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ သာသနာတော်ဆိုင်ရာ ဘွဲ့💠မဟာသဒ္ဓမ္မဇောတိကဓဇ💠 ဘွဲ့တံဆိပ်တော်အား ၄.၁.၂၀၂၀ လွတ်လပ်ရေးနေ့ တွင် ဆက်ကပ်လှူဒါန်း…. ကြောင်းကြားသိရတဲ့အတွက်ဝမ်းမြောက်ကြောင်းပါအရှင်ဘုရား ဆရာတော်ဘုရား သာသနာအကျိုးဆက်လက်ထမ်းဆောင်နိုင်ပါစေ သမီးတို့လည်းပါရမီဖြည့်ရတဲ့သူဖြစ်ပါစေဘုရား 🙏🏼🙏🏼🙏🏼” ဆိုပြီး သူတို့မိသားစု ယုံကြည်ကိုးကွယ်ရတဲ့ သစ်တံခါးဆရာတော်ဘုရားကြီး မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင့်ခံရလို့ ဝမ်း​သာတဲ့အကြောင်း လူမှုကွန်ယက်မှာ ရေးထားတာပါ။


စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဘာသာတရား ကိုင်းရှိုင်းတဲ့ စမိုင်းတို့ မိသားစုလေးကတေ့ အလှူရေစက် လက်နဲ့မကွာ ဆိုသလို အမြဲ ကုသိုလ်ရေးတွေ လုပ်ဖြစ်နေတာပါ ။မိုမိုလေး