ရိုးသားဖြူစင်တဲ့ ပဒေါင်လူမျိုးတွေကို အရမ်းချစ်တယ်လို့ ပြောလာတဲ့ ထူးအောင်

အနုပညာ

ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ကြီး ထူးအောင်က အမြဲတမ်း ပြုံးနေတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ထူးအောင်က ရုပ်ရည်ချောမောရုံသာမက သရုပ်ဆောင်လည်း ကောင်းမွန်တာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထူးအောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါတယ်။


ထူးအောင်က ဒီနေ့မှာတော့ ပဒေါင်တိုင်းရင်းသားတွေနဲ့ ရိုက်ကူးထားတဲ့ သူ့ရဲ့ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။ ပရိသတ်တွေအတွက် ထူးအောင်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


ထူးအောင်က ” သူမနာမည်….မနီနီလို့ပြောခဲ့တယ်။ 😍 ကျွန်တော် သူတို့တွေ(ပဒေါင်လူမျိုး)ကိုလဲချစ်တယ်။ ” ဆိုပြီး ရိုးသားဖြူစင်တဲ့ ပဒေါင်တိုင်းရင်းသားတွေကို ချစ်ပါတယ်လို့ ပြောထားပါတယ်။


ထူးအောင်က လက်ရှိမှာ သူ့ရဲ့ အားကစားစင်တာကြီးကို ဦးစီးလုပ်ကိုင်နေသလို အနုပညာလှုပ်ရှားမှုတွေလည်း များစွာလုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။


ထူးအောင်ကတော့ ရိုးသားတဲ့ ပဒေါင်လူမျိုးတွေနဲ့ ပျော်ရွှင်ခဲ့ပုံပါပဲ။ မိုမိုလေး