လီယမ်လေးကို ချီပြီး ချစ်မဝဖြစ်နေတဲ့ စိုးမြတ်နန္ဒာ

အနုပညာ

Liam တစ်ယောက်ဟာ သူ့အဖိုးဖွားတွေရဲ့လက်ထဲမှာ ဖြူဖြူဖောင်းဖောင်းနဲ့ ချစ်စရာ ကောင်လေးအဖြစ်တစ်နေ့ထက်တစ်နေ့ အရွယ်ရောက်လို့လာနေပါပြီ။အသက်တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ Liam လေးကတော့ ဖိုးဖိုးဖွားဖွားတွေရဲ့အသည်းကျော်လေးအဖြစ် ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ထားပါတယ်။ အခုနောက်ပိုင်းမှာ အရမ်းကိုအကြီးမြန်ပြီး လူရိပ်လူကဲသိနေပြီဖြစ်တဲ့ လီယမ်လေးဟာ စကားတွေ တွတ်တီးတွတ်တာ ပြောတတ်နေပြီး အရွယ်တစ်ခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အခုကျနော်တို့ လီယမ်လေးကို သွားတွေ့ခဲ့တဲ့ စိုးမြတ်နန္ဒာနဲ့ ပုံရိပ်လေးတွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ဒီပုံလေးတွေကိုတော့ လီယမ်လေးရဲ့ အဖွားဖြစ်သူ ဒေါ်မေသူက တသူရဲ့ Facebook အကောင့်မှာ တင်ပေးထားခဲ့ပါတယ်။ သူ့ရဲ့ Facebook အကောင့်မှာ တင်တဲ့အချိန်မှာလည်း “December born နှစ်ယောက်မွေးနေ့တွေ့ဆုံပွဲနဲ့ အိမ်လာလည်တဲ့ချစ်သူတွေ” ဆိုပြီးတင်ထားခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ လီယမ်လေးတစ်ယောက်ဟာ ဆံပင်ဘေးခွဲလေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ လူကြီးတစ်ယောက်လို ခန့်ခန့်ညားညားရှိနေတာကို တွေ့ရမှာပါ ။

မေမေ ယွန်းဝတီကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ နိုင်ငံခြားမှာပညာသင်နေပြီး ကျောင်းပိတ်တဲ့လတွေမှာ ပြန်လာပြီး အသည်းကျော် လီယမ်လေးနဲ့အတူ ပြန်လာနေကြောင်းသိရပါတယ်။ ယွန်းဝတီက နိုင်ငံခြားမှာနေတဲ့အချိန်မှာလည်းလူမှုကွန်ယက်ပေါ်မှာ လီယမ်လေးကို ချစ်တဲ့လွမ်းတဲ့အကြောင်းတွေအမြဲတမ်းတင်လေ့ရှိပြီးအချိန်ရတာနဲ့ သားလေးနားကိုအပြေးပြန်လာပြီး ဂရုစိုက်တတ်တဲ့ တာဝန်ကျေတဲ့အမေတစ်ယောက်ပါ။ အခုလည်း မေမေဖေဖေတို့က ပိတ်ရက်ရှည်ကြောင့် မြန်မာပြည်ပြန်ရောက်နေတာ ဖြစ်တဲ့အတွက် လီယမ် လေးတစ်ယောက်ကတော့ ဖေဖေ ၊ မေမေ ၊ဖိုးဖိုးဖွားဖွားတို့ နဲ့ အတူ ပျော်ရွှင်စွာ 2019 နှစ်ကြီး နှုတ်ဆက်ဖို့ ဖြတ်သန်းနေတဲ့ ချစ်စရာ ကလေးလေးတစ်ယောက်ပါပဲ ။ အခုကျနော်တို့ တင်ဆက်ပေးလိုက်တဲ့ ပုံလေးတွေကိုကြည့်ပြီး လီယမ် ကို ချစ်တဲ့ ပရိသတ်တွေ အသည်း တယားယားလေးနဲ့ ချစ်နေကြမယ်ဆိုတာ သေချာပါတယ်။