ပွဲတစ်ခုမှာ အတူတူသီဆိုဖျော်ဖြေခဲ့ကြတဲ့ Season-3 ဝင်းနားဆုရှင် ဖြိုးမြတ်အောင်နဲ့ အေးမြဖြူ

အနုပညာ

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးက မြန်မာနိုင်ငံရှိ အဆိုပြိုင်ပွဲတွေထဲမှာ ပရိသတ်တွေ စိတ်ဝင်စားမှုကို လက်တလောမှာ ရရှိထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

Image may contain: 1 person, smiling, sitting and indoor

မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်တွေဟာ ပြိုင်ပွဲပြီးဆုံးချိန်မှာ အားပေးသူ Fan အများအပြားကို ပိုင်ဆိုင်ရရှိသွားတာကလည်း မြန်မာအိုင်ဒေါပြိုင်ပွဲရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ Season-3 ရဲ့ ဝင်းနားဆုရှင် ဖြိုးမြတ်အောင်တစ်ယောက်လည်း မြန်မာတစ်နိုင်ငံလုံးနီးပါးရဲ့ အားပေးထောက်ခံမှုကို အကြိတ်အနယ်ရရှိခဲ့တာပါ။

Image may contain: 1 person, smiling, standing and outdoor

Image may contain: 1 person, smiling, outdoor

မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ Season-4 မှာတော့ မြန်မာသံတေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်ခဲ့တဲ့ အေးမြဖြူက Grand Final ထိ တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ Winner ဆုနဲ့ လွဲချော်ခဲ့ပေမယ့် တစ်နိုင်ငံလုံးက ပေးတဲ့ Winner ဆုကို ရရှိခဲ့သူက အေးမြဖြူပါဆိုပြီး ချီးမွမ်းခံခဲ့ရလောက်တဲ့အထိ ပရိသတ်တွေ အများအပြားရရှိခဲ့တာပါ။

Image may contain: 1 person, smiling, standing, tree, plant and outdoor

Image may contain: 1 person, smiling, standing, tree and outdoor

မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ ရှိုးပွဲတွေ လက်ခံရရှိခဲ့တဲ့ အေးမြဖြူက သဲတော၊ ဝမ်းတွင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲမှာ သီဆိုဖျော်ဖြေခွင့်ရရှိခဲ့ပါတယ်။ ဒီရှိုးပွဲမှာတော့ အေးမြဖြူနဲ့အတူ မြန်မာအိုင်ဒေါက အနုပညာမောင်နှမတစ်ဦးဖြစ်သူ ဖြိုးမြတ်အောင်လည်း ပါဝင်ခဲ့တာပါ။

Image may contain: 2 people, people smiling, people standing and outdoor

အနုပညာမောင်နှမ (၂) ဦးဆုံတွေ့ချိန် ရိုက်ကူးထားတဲ့ ပုံရိပ်တစ်ချို့ကလည်း သူတို့ပရိသတ်တွေအတွက် ဝမ်းသာပီတိဖြစ်စေပါတယ်။ ဖြိုးမြတ်အောင်နဲ့ အေးမြဖြူတို့ရဲ့ ချစ်စရာကောင်းတဲ့ တွေ့ဆုံမှုပုံရိပ်လေးတွေကို ပရိသတ်ကြီးပါ ကြည့်ရှုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Image may contain: 2 people, people smiling, people standing, shoes, tree and outdoor

Image may contain: 2 people, people smiling, people standing, shoes, tree and outdoor

Photos-Facebook

Source – We Love Cele