တစ်ဦးတည်းသောသူရဲ့ မွေးနေ့လေးမှာ တစ်သက်မှာတစ်ခါသာရနိုင်တဲ့ အရာအားလုံးကို လှူဒါန်းခဲ့တဲ့ မုဏ်း

အနုပညာ

ချစ်စရာကောင်းတဲ့ မင်းသမီးလေး မုဏ်းက MRTV 4 ဇာတ်လမ်းတွဲတွေမှတဆင့် အောင်မြင်မှုရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မုဏ်းက ဇာတ်လမ်းတွဲတော်တော်များများမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကတည်း မုဏ်းရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးလျက်ရှိပါတယ်။

Image may contain: 1 person, smiling, standing and outdoor

မုဏ်းက ပြီးခဲ့တဲ့ ဇန်နဝါရီလ (၅) ရက်နေ့မှာတော့ သူမအတွက် အရေးကြီးတဲ့ တစ်ဦးတည်းသောသူမွေးနေ့မှာ ခန္ဒာကိုယ်အစိတ်အပိုင်းအားလုံးကို လှူဒါန်းခဲ့ကြောင်း အခုလိုပဲ ပြောပြထားပါတယ်။

Image may contain: 2 people, people smiling, people standing and sky

Image may contain: 1 person, smiling, standing, sky and outdoor

“ဒီနေ့လေးက ဒီကမ္ဘာပေါ်မှာ မုဏ်းအရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသူရဲ့ မွေးနေ့လေးပါ ။ သူ့မွေးနေ့အထိမ်းအမှတ်ကုသိုလ်အဖြစ် တစ်သက်မှာ တစ်ကြိမ်၊ ဒီဘဝအတွက် တစ်ခါသာ ပေးခဲ့လှူခဲ့နိုင်တဲ့ အရာ(အကုန်) လှူဒါန်းပေးပါတယ် ။”

Image may contain: 1 person, smiling, sky and outdoor

Image may contain: 1 person, smiling, standing

“(၁) သွေးအလှူ (၂) မျက်ကြည်လွှာအလှူ (၃) ကိုယ်ခန္ဓာအလှူတို့ကို သူ့ရဲ့ မွေးနေ့ကုသိုလ်အဖြစ် လှူဒါန်းပါတယ် ။ ဒါ့အပြင် အခုလက်ရှိရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲတစ်ခုလုံးစာ အနုပညာကြေးကိုလည်း လှူဒါန်းပါတယ် ။”

Image may contain: 2 people, people smiling

“အခုလို တနင်္လာသား၏မွေးနေ့ အလှူဒါနကုသိုလ်ကို သိခြင်း ကြားခြင်းဖြင့် ကုသိုလ်ရနိုင်ပါစေရန် ဝမ်းမြောက်ဝမ်းသာ မျှဝေပေးပါတယ် ။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

Image may contain: 1 person

No photo description available.

မုဏ်းကတော့ သူမချစ်ရတဲ့ သူအတွက် တစ်သက်မှာ တစ်ကြိမ်၊ ဒီဘဝအတွက် တစ်ခါသာ ပေးခဲ့လှူခဲ့နိုင်တဲ့ အရာအားလုံးကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မုဏ်းရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။

Image may contain: 1 person

Image may contain: 1 person

မိုမိုလေး