“မြို့နယ်အဆင့် ပညာတန်ဆောင် စာစီစာကုံးပြိုင်ပွဲမှာ ပထမအဆင့်ရရှိခဲ့တဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်”

အနုပညာ

အသက်(၁၀)နှစ်အရွယ် ကလေးသရုပ်ဆောင်ပြည်ပြည့်ကတော့ မြို့နယ်အဆင့် ပညာတန်ဆောင် စာစီစာကုံးပြိုင်ပွဲမှာ ပထမအဆင့်ရရှိခဲ့တဲ့အကြောင်းကို “မြို့နယ်မှချီးမြှင့်သော ပညာတန်ဆောင် စာစီစာကုံးပြိုင်ပွဲ ပထမဆု (၆၊၁၊၂၀၂၀) မြို့နယ်စုံညီဆုပေးပွဲ မိုင်းဆတ်မြို့နယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပြည့်ပြည့်လေးကတော့ မကြာသေးမီကမှ “Asian Academy Creative Awards” မှ ချီးမြင့်တဲ့ “Best Actress In A Supporting Role” ဆုကြီးကို “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အာရှနိုင်ငံအသီးသီးမှ နာမည်ကြီးအနုပညာရှင်တွေအကုန်လုံးကို ကျော်ပြီး ရရှိခဲ့ပါသေးတယ်။သူဟာ အသက်အရွယ်ငယ်သလောက် သရုပ်ဆောင်စွမ်းရည်ဟာ ထူးခြားပြီးထူးချွန်ပုံကတော့ အသက် (၅)နှစ်အရွယ်ကတည်းက အကောင်းဆုံးသရုပ်ဆောင်ဆုကို ရယူထားနိုင်သူပဲဖြစ်ပါတယ်။ ပြည့်ပြည့်လေးကတော့ သရုပ်ဆောင်ပိုင်းမှာထူးချွန်သလို ပညာရေးဘက်မှာ အားမလျှော့သွားဘဲ ဆုရရှိတဲ့အထိတောင် ထူးချွန်တာပါနော်။

ပရိသတ်ကြီးရေ အသက်(၁၀)နှစ်သာရှိသေးတဲ့ နိုင်ငံကျော်ကလေးသရုပ်ဆောင်ပြည့်ပြည့် ကတော့ အနုပညာပိုင်းထူးချွန်ရုံသာမက ပညာရေးဘက်မှာလည်း မြို့နယ်အဆင့် ပညာတန်ဆောင် စာစီစာကုံးပြိုင်ပွဲမှာ ပထမအဆင့်ရရှိခဲ့တဲ့အထိ ထူးချွန်တာနော်။