ရုပ်ရှင်တွေမရိုက်ကူးခင် ပြည်ပခရီးစဉ်မှာ သာသာယာယာအနားယူနေတဲ့ ဝတ်မှုံရွှေရည်

အနုပညာ

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုဆိုရင် အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိတဲ့ထိ အောင်မြင်နေသူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားပြီး ပြည်ပနိုင်ငံတွေထိပါ ထိုးဖောက် အောင်မြင်သူလေးတစ်ဦး ဖြစ်ပါတယ်။


အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်လက်ပီပီ ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်မလည်အောင်ရိုက်ကူးနေရတဲ့ ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ သူမရဲ့ အားလပ်ရက်လေးကို အကျိုးရှိစွာ အနားယူနေတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က Switzerland နိုင်ငံရှိ Grindelwald ဆိုတဲ့ တောင်ပေါ်ရွာလေးတစ်ရွာကို ရောက်ရှိနေတာဖြစ်ပြီး အားလပ်ရက်ကို သာသာယာယာ ကုန်ဆုံးနေတာ ဖြစ်ပါတယ်။


ဝတ်မှုံရွှေရည်က သူမရဲ့ အားလပ်ရက်တွေအပြီးမှာတော့ အချစ်နဲ့ပြန်လာပါ၊ အထက်တန်းစားရေ၊ တစ်ဦးတည်းသော က္ကတ္ထိယ၊ စုဖုရားလတ်၊ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်၊ လိပ်ပြာစံအိမ် (၂) စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။


ဝတ်မှုံရွှေရည်ကတော့ ဆွစ်ဇာလန်မှာ အနားယူရင်း ပျော်ရွှင်နေပုံပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။