ဟားခါးတစ်မြို့လုံးနီးပါး ဝန်းရံခဲ့ကြတဲ့ အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ အိမ်ပြန်ခရီးစဉ်

အနုပညာ

Myanmar Idol Season (4) ရဲ့ Winner တစ်ယောက်ဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်က ပြိုင်ပွဲကြီးပြီးဆုံးသွားပေမယ့် သူမရဲ့ အောင်မြင်မှုအရှိန်အဟုန်ကတော့ လုံးဝကျဆင်းမသွားသေးပါဘူး။ အက်စတာဒေါ့သ်ချင်းဆုန်က ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်ပြီး အားပေးသွားမှာ ဖြစ်ပါတယ်။


အက်စတာဒေါ့သ်ချင်းဆုန်က ပြိုင်ပွဲကြီးပြီးဆုံးသွားတဲ့အချိန်မှာတော့ သူမရဲ့ မွေးရပ်ဌာနေဖြစ်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့ကို ပြန်သွားခဲ့တာဖြစ်ပါတယ်။ အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ ဟားခါးအပြန် ခရီးစဉ်ကတော့ လာရောက်ကြိုဆိုသူ ပရိသတ် အများကြီးနဲ့ တော်တော်လေး စည်ကားခဲ့ပါတယ်။


အက်စတာဒေါ့သ်ချင်းဆုန်အတွက် ပရိသတ်တွေက ဟားခါးမြို့ ကာဆင်ခန်းမမှာ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး တစ်မြို့လုံးနီးပါး တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။


အက်စတာဒေါ့သ်ချင်းဆုန်က သူမရဲ့ ဟားခါးအပြန်ခရီးစဉ်မှာ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ တီဗီအစီအစဉ်ကို ရိုက်ကူးခဲ့ပြီး မကြာခင်အချိန်အတွင်းမှာ Channel 9 ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။


အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ ဟားခါးအပြန် ခရီးစဉ်ကတော့ ပရိသတ်တွေအများကြီးနဲ့ ပျော်စရာကောင်းလှပါတယ်။ မိုမိုလေး