သူနဲ့ နာမည်တူတဲ့ မြင့်မြတ်ရဲ့သားလေးမြတ်သူကိုတွေ့ပြီး သဘောတွေကျနေတဲ့ G Fatt

အနုပညာ

လူငယ်ကြိုက် တေးသံရှင် တစ်ဦးဖြစ်တဲ့ G Fatt က မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ ရပ်တည်နိုင်သူ တစ်ဦးပါ။ G Fatt ရဲ့ သီချင်းကောင်းလေးတွေကလဲ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျတာကြောင့် G Fatt က အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။ G Fatt ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ အမြို့မြို့ အနယ်နယ်မှာ အများအပြားရှိနေတာ ဖြစ်ပါတယ်။


ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့မှာတော့ G Fatt က ခရီးသွားရင်းနဲ့ နိုင်ငံကျော် မင်းသားချော မြင့်မြတ်နဲ့ လေဆိပ်မှာ မမျှော်လင့်ပဲ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။


ကလေးချစ်တတ်တဲ့ G Fatt က မြင့်မြတ်နဲ့ သူ့သားလေးကိုတွေ့ပြီး ” ကိုမြင့်မြတ်ရယ် .. မြတ်သူရယ် .. မြတ်သူရယ် .. 🤩” ဆိုပြီး သူနဲ့ နာမည်တူတဲ့ သားလေးမြတ်သူကိုကြည့်ပြီး သဘောကျနေတာ ဖြစ်ပါတယ်။


G Fatt ကတော့ ကလေးချစ်တတ်သူတစ်ယောက်ဖြစ်ပြီး ဘယ်နေရာရောက်ရောက် ကလေးလေးတွေတွေ့ရင် အသည်းယားပြီး ဓာတ်ပုံလေးတွေ ရိုက်ကူးတတ်သူတစ်ယောက် ဖြစ်ပါတယ်။


G Fatt ကတော့ သူနဲ့ နာမည်တူတေတဲ့ သားလေး မြတ်သူကိုတွေ့ရလို့ တော်တော်လေး ပျော်ရွှင်နေခဲ့ပုံပါပဲ။ ပရိသတ်ကြီးလည်း G Fatt နဲ့ မြင့်မြတ်တို့ သားအဖတွေရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။  မိုမိုလေး