မွန်တိုင်းရင်းသူလေးတစ်ယောက်မို့ မွန်မလေးလို့သာခေါ်ပါဆိုတဲ့ ဝေလာရီ

အနုပညာ

တက်သစ်စ မင်းသမီးချောလေး ဝေလာရီက ထူးခြားပြောင်မြောက်လှတဲ့ အနုပညာပါရမီကြောင့် အချိန်တိုအတွင်း အောင်မြင်လာသူလေး ဖြစ်ပါတယ်။ ဝေလာရီက “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်ကြားလာပြီး ပရိသတ်အခိုင်အမာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝေလာရီရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစားစောင့်ကြည့် အားပေးကြတာကို တွေ့ရပါတယ်။


တစ်နေ့တစ်ခြား ပိုမိုအောင်မြင်လာတာနဲ့အမျှ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်လာရတဲ့ ဝေလာရီက ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးနေသလို နယ်ဖျော်ဖြေပွဲတွေမှာလည်း သီချင်းဆိုပေးနေရတာ ဖြစ်ပါတယ်။


ဒီနေ့မှာတော့ ဝေလာရီက မွန်ဝတ်စုံလေးဝတ်ပြီး ဆွဲကြိုးလော့ကတ်လေးတွေနဲ့ နာရီ ကြော်ငြာလေးတစ်ခုကို ရိုက်ကူးပေးခဲ့တာကို တွေ့ရပါတယ်။ပရိသတ်တွေအတွက် ဝေလာရီရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မွန်မလေး ဝေလာရီက မွန်လုံခြည်လေးနဲ့ ငေးကြည့်နေရလောက်အောင် လှနေတာကို တွေ့မြင်ရပါတယ်။ ဝေလာရီရဲ့ လှပတဲ့အမူအယာလေးတွေနဲ့ ကျက်သရေရှိတဲ့ မွန်လုံခြည်လေးက အင်နတန်ကို လိုက်ဖက်လွန်းလှပါတယ်။


ဝေလာရီကတော့ မချစ်ပဲ မနေနိုင်လောက်အောင် လှနေတာပဲနော်။ ပရိသတ်ကြီးလည်း ဝေလာရီရဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။