ချိုသာတဲ့အပြုံးကလေးနဲ့ အလှူပွဲလာသူတွေကိုဧည့်ခံခဲ့တဲ့ အလှူ့ အမလေး စိုးပြည့်သဇင်

အနုပညာ

နိုင်ငံကျော် မင်းသမီးချောလေး စိုးပြည့်သဇင်က ချစ်စရာကောင်းပြီး အနေအေးလွန်းတာကြောင့် ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းကပါ ချစ်ကြတာ ဖြစ်ပါတယ်။ စိုးပြည့်သဇင်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် ကောင်းသတင်းနဲ့ ကျော်ကြားခဲ့ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ စိုးပြည့်သဇင်က လက်ရှိမှာတော့ သူမရဲ့မိသားစုနဲ့အတူတူ အလှူလေးတစ်ခုကို လှူဒါန်းနေတာ ဖြစ်ပါတယ်။


စိုးပြည့်သဇင်က သူမရဲ့ အလှူလေးအကြောင်းကို “မယိင်းယိင်းနဲ့ စိုးပြည့်တို့မိသားစုရဲ့ နှစ်ဦးပေါင်းနှစ်ဦးအလှုလေးကို တံတားဦးမြို့၊ စကားအင်းတိုးဂိတ်အနီးမှ ဇီးကန်တောရကျောင်းလေးမှာ ဇီးကန်တောရဆရာတော်ဘုရားကြီး၏ ဝါတော်(၂၀)ပြည့်အလှုအဖြစ် သံဃာတော်အရှင်သူမြတ်များကို ဆွမ်းကပ်၊ သက်န်းနှင့် ဝတ္ထုငွေတို့ လှုဒါန်းခဲ့ပါတယ်ရှင်။”


“ဆရာတော်ကြီးဆီမှာနှစ်စဉ်လှုဒါန်းခဲ့တာ ခုဆို စိုးပြည့်တို့မိသားစုရဲ့ (၄) ကြိမ်မြောက် အလှုတော်မဂ်လာလေးဖြစ်ပါတယ်ရှင်။ ဧည့်ပရိသတ်များကိုလည်း အရင်နှစ်များလိုဘဲ အာဟာရဒါနလေးပြုခဲ့ပါတယ်ရှင်….”


“ခုလိုအလှုကြီးဖြစ်မြောက်အောင် အဖက်ဖက်ကစီစဉ်ကူညီပေးခဲ့သော ဦးဝေနှင့်အဖွဲ့သားများ၊ ကုသိုလ်ရေးလက်မနှေးကြသော အန်တီတို့၊ ဘွားဘွားတို့၊ ဦးဦးတို့အားလုံးကိုလည်းေ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ အရီးတောင်းလက်ဖက်များနှင့် ကုသိုလ်ယူလှုဒါန်းပေးတဲ့ချ စ်တဲ့အန်တီနီကိုလည်း ကျေးဇူးတင်ပါတယ်ရှင်❤️


“အရမ်းလည်းကြည်နူးပီတိဖြစ် ရပါတယ်။ နောက်နှစ်တွေမှာလည်း ယခုထက်ပိုရ်ျ လှုဒါန်းရလိုပါ၏။ အလှုပုံရိပ်လေးများကိုလည်း အမှတ်တရ မှတ်တမ်းတင်လိုက်ပါတယ်ရှင်။ နတ်လူသာဓုခေါ်စေသော်…..” ဆိုပြီး သူမရဲ့ အမှတ်တရတွေကို ချပြလာပါတယ်။


အလှူ့အမလေး စိုးပြည့်သဇင်ကတော့ အရမ်းကိုအေးချမ်းစွာ လှနေတာပဲနော်။ ပရိသတ်ကြီးလည်း စိုးပြည့်သဇင်ရဲ့ အလှူလေးကိုကြည့်ပြီး ပီတိတွေ ကူးစက်သွားမယ် ထင်ပါတယ်။  မိုမိုလေး