မွေးနေ့နီးမှ နေမကောင်းဖြစ်နေတဲ့ သမီးကြီးအတွက် စိတ်မကောင်းဖြစ်နေတဲ့ စမိုင်းလ်

အနုပညာ

အပြုံးချိုချိုလေးတွေရဲ့ ပိုင်ရှင်စမိုင်းလ်က ပရိသတ်တွေ အားကျရတဲ့ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ စမိုင်းလ်က အလိုလိုက်ပြီး မျက်နှာအညှိုးမခံတဲ့ ခင်ပွန်း၊ နိုင်ငံခြားသူလေးတွေလို လှပချစ်စရာကောင်းတဲ့ သမီးနှစ်ဦးနဲ့ ပျော်စရာကောင်းတဲ့ နေ့ရက်တွေကို ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။စမိုင်းလ်က အနုပညာလုပ်ငန်းတွေ အရင်လောက်မလုပ်ကိုင်ပေမယ့် ပရိသတ်တွေကတော့ သူမကိုချစ်ခင်အားပေးလျက်ပါပဲ။


ဒီနေ့မှာတော့ စမိုင်းလ်က သူမရဲ့ သမီးကြီး ပေါ်ရှာတစ်ယောက် နေမကောင်းဖြစ်နေတာကြောင့် စိုးရိမ်နေတာ ဖြစ်ပါတယ်။ စမိုင်းလ်က သူမရဲ့ သမီးကြီး နေမကောင်းဖြစ်နေတာကို အခုလိုပဲ ပြောပြထားပါတယ်။

စမိုင်းလ်က ” သမီးကြီးဖျား ကျောင်းမသွားနိုင် 😩 မွေးနေ့နားနီးမှ သနားပါတယ်။” ဆိုပြီး သူမရဲ့ သမီးကြီး ပေါ်ရှာအတွက် စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။


စမိုင်းလ်ကလည်း နေမကောင်းဖြစ်နေတဲ့ သမီးအတွက် စိတ်ပူနေသလို ဖေဖေ ကိုပြည့်မောင်ကလည်း အလုပ်တွေအကုန်ပစ်ချပြီး သမီးကြီးကို အနီးကပ် ဂရုစိုက်နေတာကို တွေ့ရပါတယ်။


စမိုင်းလ်ကတော့ သမီးကြီးပေါ်ရှာအတွက် စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။မိုမိုလေး