ဒါရိုက်တာဏကြီး ရိုက်ကူးမယ့် “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မယ့် အေးမြဖြူ

အနုပညာ

ပရိသတ်တွေ အပတ်စဉ်စောင့်မျှော်အားပေးခဲ့ကြတဲ့ Myanmar Idol Season 4 ပြိုင်ပွဲကြီးက မနေ့က Grand Final ပွဲ ကျင်းပပြီးတဲ့နောက် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ထိုထဲကမှ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်တဲ့ အေးမြဖြူကလည်း ပြိုင်ပွဲပြီးဆုံးသွားချိန်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပရိသတ်တွေ ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။


အေးမြဖြူက အခုဆိုရင် တက္ကသိုလ်ကျောင်းတက်ရင်းနဲ့ ရှိုးပွဲတွေမှာလည်း သီချင်းဆိုဖျော်ဖြေနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေးမြဖြူရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့် အားပေးကြပါတယ်။


ဒီနေ့မှာတော့ အေးမြဖြူက သူမရဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို အခုလိုပြောထားပါတယ်။ “ကဲ သတင်းကောင်းလေးလာပါပြီ 😁တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးမယ့် **ချစ်ခင်စမှော်ရုံ**ရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးသိုလေးပါဝင်သရုပ်ဆောင်သွားမှာပါရှင်❤️” ဆိုပြီး ပြောထားပါတယ်၊


“ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးပုံဖော်မှာဖြစ်ပြီး ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကို၊ ပိုင်ဖြိုးသုနဲ့ အေးမြဖြူတို့က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။


အေးမြဖြူက ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင် လုပ်ခဲ့သူမို့ ဒီရုပ်ရှင်ဇာတ်ကားကြီးက သူမအတွက် အခက်အခဲသိပ်ရှိမယ် မထင်ပါဘူး။ ပရိသတ်ကြီးလည်း အေးမြဖြူကို အားပေးကြပါဦးနော်။