သီချင်းဆိုနေတုန်း စင်ပေါ်တက်လာတဲ့ ကလေးလေးရဲ့လက်ကိုဆုပ်ကိုင်ပြီး ဖျော်ဖြေခဲ့တဲ့ စိုးပြည့်သဇင်

အနုပညာ

ပရိသတ်တွေချစ်ကြတဲ့ စိုးပြည့်သဇင်က ငယ်စဉ်ကတည်းက အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာ အခုဆိုရင် တော်တော်ကြီး အောင်မြင်ပြီး လူကြိုက်များတဲ့ မင်းသမီးလေးဖြစ်လို့နေပါပြီ။ စိုးပြည့်သဇင်က အကယ်ဒမီဆုကြီးကိုလဲ ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိပြီးဖြစ်ပြီး သူမရဲ့ စိုးညီအစ်မတွေနဲ့အတူတူ “မင်းသမီး” ပိုးထည်တိုက်ကိုလည်း ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

Image may contain: one or more people and flower

စိုးပြည့်သဇင်က လက်ရှိမှာတော့ သူမရဲ့ မိဘတွေနဲ့အတူတူ တံတားဦးမြို့လေးကို ရောက်ရှိနေတာ ဖြစ်ပြီး နှစ်ဦးအလှူတွေကို စည်စည်ကားကား ကျင်းပနေတာ ဖြစ်ပါတယ်။

Image may contain: 5 people, people sitting and indoor

စိုးပြည့်သဇင်က သူမရဲ့ မိသားစုအလှူမှာ လုပ်အားပေးလည်းလုပ်ရင်း ပရိသတ်တွေ ပျော်ရွှင်ရအောင်ဆိုပြီး တေးသီချင်းဆိုဖျော်ဖြေပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

Image may contain: 6 people, people smiling, people sitting

စိုးပြည့်သဇင်က သူမသီချင်းဆိုနေတုန်း စင်ပေါ်တက်လာတဲ့ ကလေးလေးရဲ့လက်ကိုဆုပ်ကိုင်ပြီး သီချင်းဆက်ဆိုခဲ့တဲ့ မြင်ကွင်းလေးကြောင့် ပရိသတ်က သဘောကျနေကြတာ ဖြစ်ပါတယ်။

Image may contain: 10 people, people smiling, people on stage

စိုးပြည့်သဇင်က လူလေးလှသလို စိတ်ထားလေးလည်း ပြည့်ဝကောင်းမွန်သူလေးတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက စိုးပြည့်သဇင်ကို သည်းသည်းလှုပ် ချစ်ခင်အားပေးကြတာ ဖြစ်မယ်နော်။

Image may contain: 1 person, smiling, standing, sky, tree and outdoor

momolay