နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ချောရတနာ ရဲ့ ညီမလေး ဖြစ်တဲ့ နိုင်ငံကျော် စူပါမော်ဒယ်လ် သန္တာဗိုလ် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမ သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာ လည်း ရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးလည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှတော့ သန္တာဗိုလ် ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
သန္တာဗိုလ် နဲ့ ချစ်သူ ကောင်းပြည့် တို့နှစ်ဦးက အတွဲညီပြီး ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူတွေပါ။ အမြဲတမ်းပွဲတက်တွေမှာလည်း စုံတွဲတက်လေ့ရှိပါတယ်။
ဒီတစ်ခါမှာတော့ သန္တာဗိုလ် က ချစ်သူ ကောင်းပြည့်နဲ့ အတူ ပထမဆုံးအနေနဲ့ ဘုရားသွားဖူးဖြစ်တယ် ဆိုပြီး ကျိုက်ထီးရိုး ဘုရားသွားဖူးနေတဲ့ ပုံလေးတွေကို ဖော်ပြထားပါတယ်။
သန္တာဗိုလ် ” ပထမဆုံး ဘုရားဖူးအတူတူသွားအမှတ်တရ🙏” ဆိုပြီးပြောထားပါတယ်။
သန္တာဗိုလ် က သူမရဲ့ ပုံရိပ်လေးတွေကို ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။
မိုမိုလေး