အိမ်ထောင်သက် (၁၂) နှစ်ပြည့်မှာ ချစ်ဇနီးလေးကို စကားလှလှလေးတွေနဲ့ Ro လိုက်တဲ့ နိုင်းနိုင်း

အနုပညာ

နိုင်ငံကျော် မင်းသားချော နိုင်းနိုင်းက သရုပ်ဆောင်ကောင်းတာကြောင့် ဗီဒီယိုဇာတ်ကားတော်တော်များများကို ရိုက်ကူးထားခဲ့ရတာ ဖြစ်ပါတယ်။ နိုင်းနိုင်းက အခုဆိုရင် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေရင်း သူ့ရဲ့ မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ( ၁၀) ရက်နေ့ကတော့ နိုင်းနိုင်းရဲ့ ဇနီးလေး စန္ဒီချိုရဲ့ မွေးနေ့လေးဖြစ်သလို နိုင်းနိုင်းတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် (၁၂) နှစ်ပြည့်နေ့လေးပဲ ဖြစ်ပါတယ်။

Image may contain: 3 people, people sitting and indoor

နိုင်းနိုင်းက သူ့ရဲ့ ဇနီးလေးကို စကားလုံးလှလှလေးတွေနဲ့ အခုလိုပဲ ပြောထားပါတယ်။ ” Happy birthday & Happy Anniversary…My wife. ၂၀၀၈ မှ ၂၀၂၀ တိုင်တိုင် ချစ်ခင်မှု၊ နားလည်မှု၊ သံယောဇဉ် ကြီးစွာနှင့် ၁၂နှစ်တိုင်တိုင် လက်တွဲပြီး ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းလာခဲ့ကြတယ်။”

Image may contain: 2 people, people smiling, people standing and wedding

“လောကဓံ ဘာလဲဆိုတာ ငါတို့ ကောင်းကောင်းကြီး သိခဲ့ရပြီ… ၁၂နှစ်မှသည်…နောင် ၁၂၀ တိုင်အောင် ငါတို့ ဘဝလှေကြီးကို ဖြတ်သန်းမောင်းနှင်ကြပါစို့… (ငါတည်ဆောက်ထားသော ဘဝလှေမှာပဲ ငါ့အသက်နှင့်ခန္ဓာမြဲနေသ၍ ငါနေသွားမှာပါ)” ဆိုပြီး ပြောထားပါတယ်။

Image may contain: 2 people, people smiling, tree and outdoor

နိုင်းနိုင်းကတော့ သူ့ရဲ့ ဇနီး စန္ဒီချိုနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သား၊ သမီး (၄) ယောက်နဲ့အတူတူ ပျော်စရာကောင်းတဲ့ မိသားစုကြီးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing and outdoor

နိုင်းနိုင်းကတော့ မိသားစုကြီး သိုက်သိုက်ဝန်းဝန်းနဲ့ သူ့ဘဝရဲ့ အချိန်တွေကို ပျော်ရွှင်စွာကုန်ဆုံးနေတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Image may contain: 2 people, people standing and indoor

Image may contain: 4 people, people standing

Image may contain: 6 people, people smiling, people standing, sky, child and outdoor

မိုမိုလေး