တွဲခဲ့ဖူးတဲ့ ဘဲတိုင်းလိုလိုက အရည်အချင်းမရှိတဲ့အပြင် ခြူစားတဲ့သူတွေနဲ့ပါ ကြုံဖူးတယ်ဆိုတဲ့ ပိုပို

အနုပညာ

သီချင်း​တွေကို ကိုယ်​ပိုင်​ခံစားချက်​နဲ့ ဖန်​တီးပြီး Mood အပြည့်​နဲ့ သီဆို​လေ့ရှိတာ​ကြောင့်​ပရိသတ်​တွေရဲ့ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​ပိုပိုက​တော့ ပရိသတ်​တွေအတွက်​အမိုက်​စားသီချင်း​တွေကိုလည်း ဖန်​တီး​နေသူတစ်​ဦးပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ထုတ်ပြောလေ့မရှိတဲ့ အဆိုတော် ပိုပိုကတော့ လတ်တလောမှာ သူမတွဲခဲ့ဖူးတဲ့ ဘဲတွေရဲ့အကြောင်းကို လူမှုကွန်​ယက်​ပေါ်မှာ ဝေမျှပေးထားတာ​တွေ့ရပါတယ်​။ ခြူစားတာမျိုးတွေနဲ့ပါ ကြုံတွေ့ဖူးတဲ့ ပိုပိုကတော့ အချစ်ရေးမှာ ကံမကောင်းသူလေးပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် သူမနဲ့တွဲခဲ့တဲ့ ဘဲတိုင်းက အရည်အချင်းမရှိတဲ့အပြင် ခြူစားတဲ့သူတွေနဲ့ပါ ကြုံတွေ့ဖူးတယ်ဆိုတဲ့အကြောင်း ရင်ဖွင့်လာတဲ့ အဆိုတော် ပိုပိုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုပိုကတော့ “ကိုယ်နဲ့တွဲခဲ့တဲ့ ဘဲ 80%လောက်က ကိုယ်နဲ့ တွဲတုန်းက ပိုက်ဆံလဲ သိပ်မထုတ် ကိုယ်က ကြိုးစားခိုင်းလဲ မကြိုးစား ကိုယ့်ကိုလဲ support မလုပ်ပေး ကိုယ့်နောက်ကလဲမလိုက် ရှေ့ကလဲမသွား ဘေးက ကန့်လန့်လုပ်ကြတာ ကိုယ်နဲ့ကျ ဘာမှသာမဟုတ်တာ တခြား စော်နဲ့ လဲတွဲရော ဆရာကြီးလိုလို သူဌေးလိုလို နဲ့ မြင်ရတာ စိတ်တောင်မကောင်း ဘူး ကိုယ့်က ရုပ်သာချောတာ အချစ်ရေးကျ သိပ်ကံမကောင်းရှာဘူး .တခါတလေ ချူစား လိမ်စားတဲ့သူလဲတွေ့သေးတာ 😪 အခုတော့ ကံကောင်းလာပါပြီ 😁” ဆိုပြီး အချစ်ရေးမှာ ကံမကောင်းတဲ့အကြောင်း ရင်ဖွင့်ထားတာပဲ ဖြစ်ပါတယ်။


ပိုပိုကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်​တွေစိတ်​ဝင်​စား​နေကြတဲ့ ချစ်​စရာ​ကောင်​မ​လေး ပိုပိုရဲ့အချစ်​ရေးက​တော့ အခုအချိန်အထိ ငြိမ်သက်နေဆဲပါပဲ​။ချစ်​ပရိသတ်​တွေလည်း ပိုပိုတစ်ယောက် အချစ်ရေးမှာ ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့ဖို့ မ​မေ့ပါနဲ့​နော်​။ မိုမို​လေး