ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ နိုင်ငံကျော်အဆိုတော်ကြီး စိုင်းဆိုင်မောဝ်

အနုပညာ

နိုင်ငံကျော်အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ကတော့ မကြာသေးမီကမှ ကျန်မာရေးအခြေအနေဆိုးရွားလာပြီး စိုးရိမ်ရသဖြင့် မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှုခံယူခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေဟာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပေမယ့် ပကတိအတိုင်းပြန်လည်ကောင်းမွန်လာခြင်း မရှိသေးတာကြောင့် ကိုယ်လက်လေ့ကျင့်ခန်းတွေ လေ့ကျင့်နေရတာဖြစ်ပြီး လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်းကို လေ့ကျင့်နေတဲ့ စိုင်းဆိုင်မောဝ်ရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေစိတ်ပူလျော့စေရန် ဇနီးဖြစ်သူ ခေးလားမိုးရဲ့ လူမှုကွန်ရက် စာမျက်နှာဖော်ပြထားပါတယ်။

နိုင်ငံကျော်အဆိုတော်ကြီး စိုင်းဆိုင်မောဝ်တစ်ယောက် ဇန်နဝါရီလ(၂)ရက်နေ့မှာ မန္တလေးဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ရက်ပိုင်းအတွင်းမှာ သေပြီဆိုတဲ့သတင်းအမှားတွေထွက်ရှိခဲ့ပါသေးတယ်။ သတင်အမှားထွက်ရှိပြီးနောက်မှာတော့ စိုင်းဆိုင်မောဝ်ရဲ့အစ်ကိုဖြစ်သူမှ ကျန်မာရေးအခြေအနေဟာ အရင်ကထက်စာရင် အများကြီးကောင်းမွန်လာပြီဖြစ်ပြီး စိုင်းဆိုင်မောဝ်ဟာလည်း သုံး၊လေးရက်လောက်အားမွေးပြီးရင် ပရိသတ်ကြီးနဲ့ ပြန်တွေ့ကြမယ်လို့ မီဒီယာကို ဇန်နဝါရီလ(၃)ရက်နေမှာ အင်တာဗျူးဖြေကြားပေးခဲ့ပါတယ်။

အနုပညာသက်တမ်းတစ်လျှောက် ပရိသတ်တွေရဲ့လေးစားအားပေးခြင်းခံရတဲ့ နိုင်ငံကျော်အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ကတော့ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြဖြစ်ပေမယ့် ပကတိအတိုင်းပြန်လည်ကောင်းမွန်လာစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လေ့ကျင့်နေပါပြီတဲ့နော်။