ရွှေထူးက Sugar Mommy လို့ ခေါ်ရလောက်အောင် တန်ဖိုးကြီး Piano တစ်လုံးနဲ့ Surprise လုပ်ခဲ့တဲ့ ရွှေမှုန်ရတီ

အနုပညာ

ရွှေထူးကတော့ သူ့ရဲ့ မဟေသီလေးကို Sugar Mommy (သကြားမေမေ) လို့ တင်စားခေါ်ဝေါ်လိုက်ပါပြီ။

Image may contain: 2 people, people smiling, people sitting, child and closeup

Image may contain: 2 people, hat

ဘာကြောင့် သကြားမေမေလို့ တင်စားခေါ်ဝေါ်လိုက်တာလဲဆိုတာ ပရိသတ်တွေ သိချင်နေကြမှာပဲနော်။ ဇနီးဖြစ်သူ ရွှေမှုန်ရတီက ခင်ပွန်းအတွက် တန်ဖိုးကြီး Piano တစ်လုံးကို လက်ဆောင်ဝယ်ပေးခဲ့တာဖြစ်ပါတယ်။ Digital Piano တစ်လုံးဖြစ်ပြီး တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၈ သိန်းကျော်တန်ဖိုးရှိတာဖြစ်ပါတယ်။ Accessories ပစ္စည်းတန်ဖိုးတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ စုစုပေါင်း ငွေကျပ် ၁၁ သိန်းကျော်ကျသင့်ခဲ့တဲ့ Piano နဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်ခဲ့တာဖြစ်ပါတယ်။

ရွှေထူးကတော့ ဒီ Piano လေးကို လက်ဆောင်ရလိုက်လို့ ဇနီးသည်ကို သကြားမေမေလို့ တင်စားလိုက်တာပါ။ ဒီ Piano လေးနဲ့ ကောင်းကောင်းသင်ယူမယ့်အကြောင်းကိုလည်း ဇနီးဖြစ်သူကို ကတိပေးလိုက်ပါသေးတယ်။

Surprise တွေလုပ်ပြီး အချစ်တွေကို ပိုမိုတိုးပွားစေသလို ပကာသနမရှိတဲ့ ချစ်ခြင်းတွေကို သက်သေပြတတ်တဲ့ သူတွေလည်းဖြစ်ပါတယ်။

Image may contain: one or more people, cloud, sky, outdoor and nature

ရွှေနှစ်ရွှေရဲ့ ချစ်ခြင်းတွေကို အားကျလေ့ရှိတဲ့သူတွေထဲမှာ စာဖတ်ပရိသတ်တွေလည်း ပါဝင်တယ်ဆိုရင်တော့ ဂုဏ်ပြုစကားလေးပြောသွားပေးကြပါဦးနော်။

Image may contain: 2 people

Writer-YS (Cele Star)