အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့ စာသင်ကျောင်းအတွက် သိန်း(၅၀)လှူဒါန်းခဲ့တဲ့ စမိုင်းလ်

အနုပညာ


Image may contain: 2 people, people sitting and table


Image may contain: 2 people, people sitting


Image may contain: 2 people, people sitting, table and indoor

Unicode

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်သူ စမိုင်းကတော့ လက်ရှိအချိန်မှာ အမျိုးသမီးတိုင်းလေးစားအားကျနေရသူတစ်ယောက်ပါ။လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်တဲ့ခင်ပွန်းဖြစ်သူနဲ့ လိမ္မာရေးခြားရှိတဲ့သမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားရုံမက ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

Image may contain: 1 person, smiling, closeup and outdoor

စမိုင်းလ်ကတော့ မိသားစုကိုတန်ဖိုးထားချစ်ခင်သူပီပီ ကိုယ်လှူနိုင်လာတဲ့အချိန်မှာ ခင်ပွန်းဖြစ်သူရဲ့မွေးလတစ်လလုံး အလှူတွေဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပြီး မကြာသေးခင်က ကျရောက်ခဲ့တဲ့ သမီးကြီးရဲ့မွေးနေ့မှာလည်း ရွှေတိဂုံဘုရားမှာ လူအယောက်တစ်ထောင်စာ ထမင်းနဲ့ဟင်းကျွေးမွေးခဲ့ပါသေးတယ်။ဒါ့အပြင် နောက်တစ်ရက်မှာလည်း လူအယောက် (၁၃၀၀)နီးပါး သစ်တံခါးဆရာတော်ကြီးရဲ့အဓိဌာန်အဆင်ပြေလွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရေးအတွက် ကား၊မနက်စာ နဲ့ညစာတို့ကိုပါ တာဝန်ယူစီစဉ်ပေးခဲ့တာပါ။အလှူလုပ်ရင်ဆက်တိုက်ဆိုသလို လုပ်တတ်တဲ့စမိုင်းလ်ကတော့ မနေ့ကလည်း အောင်ဇမ္ဗူဆရာတော်ကြီးရဲ့ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တဲ့ စာသင်ကျောင်းအတွက် စာသင်ခန်းတစ်ခန်းစာ သိန်း(၅၀)ဆက်ကပ်လှူဒါန်းလိုက်ပါသေးတယ်။

Image may contain: 1 person, standing and outdoor

 

Image may contain: 1 person, smiling, standing and outdoor

စမိုင်းလ်ကတော့ လှူတဲ့နေရာမှာထိပ်တန်းလို့ ဆိုရလောက်အောင် အလှူရေစက်လက်နဲ့မကွာဆိုသလို ဆက်တိုက်လှူဒါန်းနေတာပါ။ဒါ့အပြင် သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာလည်း လူအယောက်(၁၅၀၀) ကိုရွှေတိဂုံနဲ့ကျိုက်ထီးရိုးဘုရားကို ပို့ပေးနိုင်ဖို့လည်း စီစဉ်နေတာပါ။အလှူရေစက်လက်နဲ့မကွာဆိုသလို လှူဒါန်းလေ့ရှိတဲ့စမိုင်းလ်ကိုတော့ မိန်းကလေးတိုင်းက လေးစားအားကျနေရတာဖြစ်ပြီး သူ့ရဲ့ဒီလထဲမှာ လှူဖြစ်ခဲ့တဲ့ အလှူတွေကို သာဓုခေါ်ဆိုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။