အိပ္ခ်ိန္(၂)နာရီခြဲေလာက္ပဲအိပ္ၿပီး ေဖ်ာ္ေျဖေရးခရီးစဥ္ေတြဆက္ေနရတဲ့ ျဖဴျဖဴေက်ာ္သိန္း

အႏုပညာ

ပရိသတ္ရဲ႕အခ်စ္ေတာ္ျဖဴျဖဴေက်ာ္သိန္းကေတာ့ လက္ရွိျမန္မာႏိုင္ငံမွာအေအာင္ျမင္ဆုံးအဆိုေတာ္ေတြထဲက တစ္ေယာက္ပါ။ တစ္ကိုယ္ေတာ္အယ္လ္ဘမ္စတင္ထြက္ရွိခဲ့တဲ့ “လုံးဝမသက္ဆိုင္ေတာ့ပါ” အေခြကတည္းက ပရိသတ္ေတြရဲ႕အားေပးျခင္းကိုရရွိခဲ့တာျဖစ္ၿပီး ေဖ်ာ္ေျဖေရးခရီးစဥ္ေတြ ဆက္တိုက္ဆိုသလို သြားေရာက္ေနရတဲ့ ဂီတခရီးလမ္းလမ္းေပၚက ေတာက္ပေနတဲ့ၾကယ္တစ္ပြင့္အေနနဲ႔ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။

Image may contain: 1 person, standing

 

Image may contain: 1 person, closeup

ျဖဴျဖဴကေတာ့ မၾကာေသးမီကက်င္းပၿပီးစီးခဲ့တဲ့ ျမန္မာအိုင္ေဒါအစီအစဥ္မွာလည္း ဒိုင္တစ္ေယာက္အေနနဲ႔ေဆာင္႐ြက္ခဲ့ၿပီး သူ႔ရဲ႕ဆန္းျပားတဲ့ဖက္ရွင္ဒီဇိုင္းေတြနဲ႔ ပရိသတ္ကိုအံ့အားသင့္ေစခဲ့သူပါ။ေဖ်ာ္ေျဖပြဲေတြ ဆက္တိုက္ဆိုသလိုသြားေရာက္ေနရၿပီး ပရိသတ္ေတြကို တစ္ေန႔တာအေၾကာင္းအရာေတြမွ်ေဝေလ့ရွိတဲ့ျဖဴျဖဴကေတာ့ ဖားကန႔္ကေန ျမစ္ႀကီးနားကိုကူးၿပီးေတာ့ သီခ်င္းသြားေရာက္သီဆိုရခ်ိန္မွာေတာ့ အလြဲေတြနဲ႔ ႏွစ္နာရီခြဲေလာက္ပဲအိပ္လိုက္ရတဲ့အေၾကာင္းကို “ဖားကန႔္မွာ မနက္(၂)နာရီသီခ်င္းဆိုပါတယ္ေနာ္…မနက္(၃)နာရီ ဟိုတယ္ျပန္ေရာက္ပါတယ္ေပါ့… အိပ္ေတာ့ မနက္(၄)နာရီပါေနာ္.. ျမစ္ႀကီးနား~ရန္ကုန္ေလယာဥ္ကေန႔လယ္ (၂)နာရီခြဲမို႔ မနက္(၆)နာရီခြဲထၿပီး (၇)နာရီမွာ စထြက္လာပါတယ္ေနာ္… လမ္းၾကမ္းေတာ့ကားေပၚမွာ အိပ္မရ ဂူဂူဂါဂါေပါ့.. ဟိုေရာက္ေတာ့ ေလယာဥ္ခ်ိန္မွားၾကည့္မိတယ္တဲ့လား ဖလူဖလူရယ္..ေလယာဥ္က ညေန(၄)ခြဲမွ တက္မွာတဲ့” ဆိုၿပီး ေဖ်ာ္ေျဖေရးခရီးေတြဆက္ေနတဲ့ၾကားက ေလယာဥ္ခ်ိန္မွားၾကည့္မိတာေၾကာင့္ အိပ္ေရးမဝျဖစ္ခဲ့ရပုံကို မွ်ေဝခဲ့တာပါ။

Image may contain: 1 person, smiling

ျဖဴျဖဴကေတာ့ ျမစ္ႀကီးနားကေန ဒီေန႔မွာေတာ့ အိပ္ေရးမဝတဲ့ၾကားက လြိဳင္ေကာ္ကပရိသတ္ေတြဆီ အေရာက္လာေနၿပီျဖစ္ပါတယ္။ျဖဴျဖဴ႕ကိုေတာ့ အနယ္နယ္အရပ္ရပ္က ပရိသတ္ေတြကခ်စ္ခင္ၾကသလို ျဖဴျဖဴကိုယ္တိုင္ကလည္း ဘယ္ေလာက္ခက္ခဲေနပါေစ ပရိသတ္ေတြဆီကို အေရာက္သြားေလ့ရွိတာမို႔ ပရိသတ္ေတြကတိုးတိုးၿပီး အခ်စ္ပိုလာရတာအမွန္ပဲမဟုတ္လား ပရိသတ္ႀကီးေရ…..

Image may contain: one or more people and crowd

Unicode

ပရိသတ်ရဲ့အချစ်တော်ဖြူဖြူကျော်သိန်းကတော့ လက်ရှိမြန်မာနိုင်ငံမှာအအောင်မြင်ဆုံးအဆိုတော်တွေထဲက တစ်ယောက်ပါ။ တစ်ကိုယ်တော်အယ်လ်ဘမ်စတင်ထွက်ရှိခဲ့တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” အခွေကတည်းက ပရိသတ်တွေရဲ့အားပေးခြင်းကိုရရှိခဲ့တာဖြစ်ပြီး ဖျော်ဖြေရေးခရီးစဉ်တွေ ဆက်တိုက်ဆိုသလို သွားရောက်နေရတဲ့ ဂီတခရီးလမ်းလမ်းပေါ်က တောက်ပနေတဲ့ကြယ်တစ်ပွင့်အနေနဲ့ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

Image may contain: 3 people, people sitting
ဖြူဖြူကတော့ မကြာသေးမီကကျင်းပပြီးစီးခဲ့တဲ့ မြန်မာအိုင်ဒေါအစီအစဉ်မှာလည်း ဒိုင်တစ်ယောက်အနေနဲ့ဆောင်ရွက်ခဲ့ပြီး သူ့ရဲ့ဆန်းပြားတဲ့ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပရိသတ်ကိုအံ့အားသင့်စေခဲ့သူပါ။ဖျော်ဖြေပွဲတွေ ဆက်တိုက်ဆိုသလိုသွားရောက်နေရပြီး ပရိသတ်တွေကို တစ်နေ့တာအကြောင်းအရာတွေမျှဝေလေ့ရှိတဲ့ဖြူဖြူကတော့ ဖားကန့်ကနေ မြစ်ကြီးနားကိုကူးပြီးတော့ သီချင်းသွားရောက်သီဆိုရချိန်မှာတော့ အလွဲတွေနဲ့ နှစ်နာရီခွဲလောက်ပဲအိပ်လိုက်ရတဲ့အကြောင်းကို “ဖားကန့်မှာ မနက်(၂)နာရီသီချင်းဆိုပါတယ်နော်…မနက်(၃)နာရီ ဟိုတယ်ပြန်ရောက်ပါတယ်ပေါ့… အိပ်တော့ မနက်(၄)နာရီပါနော်.. မြစ်ကြီးနား~ရန်ကုန်လေယာဉ်ကနေ့လယ် (၂)နာရီခွဲမို့ မနက်(၆)နာရီခွဲထပြီး (၇)နာရီမှာ စထွက်လာပါတယ်နော်… လမ်းကြမ်းတော့ကားပေါ်မှာ အိပ်မရ ဂူဂူဂါဂါပေါ့.. ဟိုရောက်တော့ လေယာဉ်ချိန်မှားကြည့်မိတယ်တဲ့လား ဖလူဖလူရယ်..လေယာဉ်က ညနေ(၄)ခွဲမှ တက်မှာတဲ့” ဆိုပြီး ဖျော်ဖြေရေးခရီးတွေဆက်နေတဲ့ကြားက လေယာဉ်ချိန်မှားကြည့်မိတာကြောင့် အိပ်ရေးမဝဖြစ်ခဲ့ရပုံကို မျှဝေခဲ့တာပါ။

Image may contain: 2 people, people smiling, crowd, food and indoor

ဖြူဖြူကတော့ မြစ်ကြီးနားကနေ ဒီနေ့မှာတော့ အိပ်ရေးမဝတဲ့ကြားက လွိုင်ကော်ကပရိသတ်တွေဆီ အရောက်လာနေပြီဖြစ်ပါတယ်။ဖြူဖြူ့ကိုတော့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေကချစ်ခင်ကြသလို ဖြူဖြူကိုယ်တိုင်ကလည်း ဘယ်လောက်ခက်ခဲနေပါစေ ပရိသတ်တွေဆီကို အရောက်သွားလေ့ရှိတာမို့ ပရိသတ်တွေကတိုးတိုးပြီး အချစ်ပိုလာရတာအမှန်ပဲမဟုတ်လား ပရိသတ်ကြီးရေ…..

Image may contain: 1 person, indoor