သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ဒီကနေ့မှာ သမီးလေးရွှန်းရွှန်းနဲ့အတူ ကျောင်းလိုက်တက်ခဲ့တာဖြစ်ပါတယ်။
သူမရဲ့ သမီးလေးရွှန်းရွှန်းရဲ့ ပထမဆုံးကျောင်းတက်တဲ့နေ့မှာ ခိုင်နှင်းဝေက ကျောင်းလိုက်တက်ခဲ့တာဖြစ်ပြီး ဒီလိုတက်ရတဲ့အတွက် သူမကိုယ်သူမ ကျောင်းသူလေးတစ်ယောက်လို ပြန်ဖြစ်သွားတယ်လို့ ခံစားရကြောင်း သူမရဲ့ အကောင့်ကနေ ရေးသားခဲ့တာဖြစ်ပါတယ်။ သမီးလေး ရွှန်းရွှန်းဟာ ခိုင်နှင်းဝေရဲ့ မွေးစားသမီးလေးတစ်ယောက်ဖြစ်ပေမယ့် သမီးအရင်းလေးတစ်ယောက်လို မိခင်မေတ္တာတွေကို အပြည့်အဝရရှိနေတာဖြစ်ပါတယ်။
သမီးလေး ရွှန်းရွှန်းတင်မကဘဲ သူမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာ သားသမီးပေါင်းမြောက်မြားစွာကို ပြုစုပြိုးထောင်ပြီး စောင့်ရှောက်ထားတာဖြစ်ပါတယ်။ သူမနဲ့ရုပ်ချင်းဆင်တူတဲ့ သမီးလေး ရွှန်းရွှန်းကိုမွေးစားပြီးနောက်မှာတော့ စွန့်ပစ်ခံ ကလေးငယ်ပေါင်းများစွာရဲ့ ဘဝကို ကူညီစောင့်ရှောက်ဖို့ ရွေးချယ်ခဲ့တာပါ။
ဒီနေ့လေးကတော့ သမီးလေးရွှန်းရွှန်း ပထမဆုံးကျောင်းစတက်ရမယ့် နေ့လည်းဖြစ်တာကြောင့် မိခင်ဖြစ်သူ ခိုင်နှင်းဝေက ကိုယ်တိုင် ကျောင်းသူအဖြစ် လိုက်တက်ပေးခဲ့တာ တွေ့ရပါတယ်။ ဝမ်းနဲ့လွယ်မွေးခဲ့တာမဟုတ်ပေမယ့် သားသမီးအပေါ်ထားရှိတဲ့ ခိုင်နှင်းဝေရဲ့ မိခင်မေတ္တာတရားဘယ်လောက်ကြီးမားလိုက်သလဲဆိုတာ ပရိသတ်ကြီးက တွေ့မြင်ခံစားမိကြမယ်လို့ထင်ပါတယ်နော်။
Cele Star