ေက်ာင္းဆက္တက္ရမွာမို႔ Winner ဆုမေပးခဲ့တာလားဆိုတဲ့ေမးခြန္းကို အေကာင္းဆုံးေျဖရွင္းလိုက္တဲ့ ေအးျမျဖဴ

အႏုပညာ

ပရိသတ္ရဲ႕အခ်စ္ေတာ္ေအးျမျဖဴကေတာ့ ျမန္မာအိုင္ေဒါရဲ႕အသက္အငယ္ဆုံးၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္ၿပီး Top-3 ထိတက္လွမ္းႏိုင္ခဲ့သူတစ္ေယာက္ပါ။ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အရည္အခ်င္းျပည့္မီသူတစ္ေယာက္ျဖစ္တဲ့အျပင္ စိတ္ထားျပည့္ဝတာေၾကာင့္ ပရိသတ္အားလုံးရဲ႕ခ်စ္ခင္အားေပးျခင္းကို ရရွိထားသူတစ္ေယာက္ပါ။

Image may contain: 1 person, tree and outdoor

အမ်ိဳးသမီးၿပိဳင္ပြဲဝင္ေတြအားသာတယ္လို႔ သတ္မွတ္ထားတဲ့ဒီၿပိဳင္ပြဲႀကီးမွာ ပရိသတ္အခ်ိဳ႕ကေတာ့ ေအးျမျဖဴကို Winner အျဖစ္ခန႔္မွန္းခဲ့ၾကၿပီး ထင္သလိုမျဖစ္လာတဲ့အခါ ေအးျမျဖဴက ေက်ာင္းဆက္တက္ရမွာမို႔ ျမန္မာအိုင္ေဒါရဲ႕အက်ိဳးအျမတ္အရ Winner မေပးခဲ့ဘူးဆိုတဲ့ေဝဖန္သံတစ္ခ်ိဳ႕ထြက္ေပၚလာခဲ့တာပါ။ဒီကိစၥနဲ႔ပတ္သက္ၿပီး ေအးျမျဖဴကိုေမးျမန္းခဲ့တဲ့အခါမွာေတာ့ “အဲ့ဒါကေတာ့မဟုတ္ေလာက္ပါဘူး…

Image may contain: 1 person, smiling, indoor

သမီးက Winner ျဖစ္တာမျဖစ္တာထက္ေလ ေအာင္ျမင္မႈကိုလည္းရခ်င္တယ္.. ေအာင္ျမင္မႈရတဲ့အဆိုေတာ္တစ္ေယာက္ျဖစ္ခ်င္တယ္… Winner ျဖစ္ခ်င္တဲ့သူတစ္ေယာက္အေနနဲ႔မဟုတ္ဘဲေပါ့ေနာ္… အခုလိုမ်ိဳးဆိုရင္လည္း သမီးကိုအရမ္းအားေပးတဲ့သူေတြရွိတဲ့အတြက္ေၾကာင့္မို႔ သမီးဆက္ၿပီးေတာ့ အေကာင္းဆုံးႀကိဳးစားသြားဖို႔ပဲရွိပါေတာ့တယ္.. ၿပိဳင္ပြဲတုန္းက ကိစၥကေတာ့ ၿပီးသြားၿပီေပါ့ေနာ္… ၿပိဳင္ပြဲတုန္းက Winner ရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ၊ သမီးကိုအားေပးတဲ့ပရိသတ္ေတြကေနာက္မွာ အမ်ားႀကီး ရွိေနတယ္.. ဝန္းရံေပးတဲ့သူေတြကလည္း ေနာက္မွာအမ်ားႀကီးရွိေနတယ္ဆိုေတာ့ ဆက္ၿပီးႀကိဳးစားသြားမွာပါ” လို႔အေကာင္းဆုံးေျဖၾကားခဲ့ပါတယ္။

Image may contain: 1 person, smiling

 

Image may contain: 1 person

ငယ္႐ြယ္စဥ္ကတည္းက ကေလးသ႐ုပ္ေဆာင္တစ္ေယာက္လုပ္ခဲ့သူေအးျမျဖဴကေတာ့ ျမန္မာအိုင္ေဒါၿပိဳင္ပြဲႀကီးၿပီးဆုံးသြားခ်ိန္မွာေတာ့ ဒါ႐ိုက္တာဏႀကီး႐ိုက္ကူးမယ့္ “ခ်စ္ခင္စေမွာ္႐ုံ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္႐ိုက္ကူးဖို႔ကမ္းလွမ္းခံထားရပါေသးတယ္။အခုမွ လူႀကီးျဖစ္ကာစဆိုေပမယ့္ ပညာေရးနဲ႔ အႏုပညာဘက္မွာသာမက အ႐ြယ္နဲ႔မမွ်ေအာင္ ရင့္က်က္ၿပီးစိတ္ထားျပည့္ဝသူေလးမို႔ ပရိသတ္ေတြအခ်စ္ပိုေနရတာဆိုလည္းမမွားပါဘူးေနာ္။

Image may contain: 1 person, smiling, standing and indoor

Unicode

ပရိသတ်ရဲ့အချစ်တော်အေးမြဖြူကတော့ မြန်မာအိုင်ဒေါရဲ့အသက်အငယ်ဆုံးပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး Top-3 ထိတက်လှမ်းနိုင်ခဲ့သူတစ်ယောက်ပါ။ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းပြည့်မီသူတစ်ယောက်ဖြစ်တဲ့အပြင် စိတ်ထားပြည့်ဝတာကြောင့် ပရိသတ်အားလုံးရဲ့ချစ်ခင်အားပေးခြင်းကို ရရှိထားသူတစ်ယောက်ပါ။

Image may contain: 1 person, smiling, standing and shoes

အမျိုးသမီးပြိုင်ပွဲဝင်တွေအားသာတယ်လို့ သတ်မှတ်ထားတဲ့ဒီပြိုင်ပွဲကြီးမှာ ပရိသတ်အချို့ကတော့ အေးမြဖြူကို Winner အဖြစ်ခန့်မှန်းခဲ့ကြပြီး ထင်သလိုမဖြစ်လာတဲ့အခါ အေးမြဖြူက ကျောင်းဆက်တက်ရမှာမို့ မြန်မာအိုင်ဒေါရဲ့အကျိုးအမြတ်အရ Winner မပေးခဲ့ဘူးဆိုတဲ့ဝေဖန်သံတစ်ချို့ထွက်ပေါ်လာခဲ့တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး အေးမြဖြူကိုမေးမြန်းခဲ့တဲ့အခါမှာတော့ “အဲ့ဒါကတော့မဟုတ်လောက်ပါဘူး…

Image may contain: 1 person, smiling, shoes and indoor

သမီးက Winner ဖြစ်တာမဖြစ်တာထက်လေ အောင်မြင်မှုကိုလည်းရချင်တယ်.. အောင်မြင်မှုရတဲ့အဆိုတော်တစ်ယောက်ဖြစ်ချင်တယ်… Winner ဖြစ်ချင်တဲ့သူတစ်ယောက်အနေနဲ့မဟုတ်ဘဲပေါ့နော်… အခုလိုမျိုးဆိုရင်လည်း သမီးကိုအရမ်းအားပေးတဲ့သူတွေရှိတဲ့အတွက်ကြောင့်မို့ သမီးဆက်ပြီးတော့ အကောင်းဆုံးကြိုးစားသွားဖို့ပဲရှိပါတော့တယ်.. ပြိုင်ပွဲတုန်းက ကိစ္စကတော့ ပြီးသွားပြီပေါ့နော်… ပြိုင်ပွဲတုန်းက Winner ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ သမီးကိုအားပေးတဲ့ပရိသတ်တွေကနောက်မှာ အများကြီး ရှိနေတယ်.. ဝန်းရံပေးတဲ့သူတွေကလည်း နောက်မှာအများကြီးရှိနေတယ်ဆိုတော့ ဆက်ပြီးကြိုးစားသွားမှာပါ” လို့အကောင်းဆုံးဖြေကြားခဲ့ပါတယ်။

Image may contain: 1 person, smiling, standing and indoor
ငယ်ရွယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်လုပ်ခဲ့သူအေးမြဖြူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ ဒါရိုက်တာဏကြီးရိုက်ကူးမယ့် “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးဖို့ကမ်းလှမ်းခံထားရပါသေးတယ်။အခုမှ လူကြီးဖြစ်ကာစဆိုပေမယ့် ပညာရေးနဲ့ အနုပညာဘက်မှာသာမက အရွယ်နဲ့မမျှအောင် ရင့်ကျက်ပြီးစိတ်ထားပြည့်ဝသူလေးမို့ ပရိသတ်တွေအချစ်ပိုနေရတာဆိုလည်းမမှားပါဘူးနော်။