နေတိုးက ဒီကနေ့ ဇန်နဝါရ်ီလ (၁၈) ရက်နေ့မှာတော့ Ximivogue myanmar ဆိုင်ဖွင့်ပွဲကို မင်းသမီးချောလေးတွေဖြစ်တဲ့ ပိုးမမှီသာ၊ ယွန်းဝတီလွင်မိုးတို့နဲ့အတူတူ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
Unicode
ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချောနေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ အပိုအလိုမရှိ သရုက်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလမ်းမပေါ်မှာ အောင်မြင်စွာ ရပ်တည်နေတဲ့ နေတိုးကအခုဆိုရင် အကယ်ဒမီဆုကြီး သုံးဆုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ နေတိုးကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အမြို့မြို့အနယ်နယ်မှာ အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။
နေတိုးက လက်ရှိမှာ အသက်လေးဆယ်နီးပါးအရွယ်ကို ရောက်နေပြီဖြစ်ပေမယ့် အနုပညာလုပ်ငန်းတွေ လက်မလည်အောင် လုပ်ကိုင်နေရပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ပေးနေလျက်ရှိပါတယ်။
နေတိုးက ဒီကနေ့ ဇန်နဝါရီ်လ (၁၈) ရက်နေ့မှာတော့ Ximivogue myanmar ဆိုင်ဖွင့်ပွဲကို မင်းသမီးချောလေးတွေဖြစ်တဲ့ ပိုးမမှီသာ၊ ယွန်းဝတီလွင်မိုးတို့နဲ့အတူတူ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
နေတိုးကတော့ ဒီအသက်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ် မင်းသမီးလေးတွေနဲ့အပြိုင် နုပျိုလန်းဆန်းနေတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နေတိုးရဲ့ ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။
နေတိုးကတော့ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းနုပျိုနေတာပဲနော်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မိုမိုလေး