သမီးေတြ(၃)ႏွစ္ျပည့္ေမြးေန႔အတြက္ ေမြးေန႔ကိတ္ေလး ကိုယ္တိုင္လုပ္ခဲ့တယ္ဆိုတဲ့ ခ်စ္သုေဝ

အႏုပညာ

ပရိသတ္ေတြ ခ်စ္ၾကတဲ့ နိုင္ငံေက်ာ္ သ႐ုပ္ေဆာင္နဲ႔ အဆိုေတာ္ျဖစ္သူ ခ်စ္သုေဝက ဆရာဝန္တစ္ဦးျဖစ္ေပမယ့္ သူမခ်စ္တဲ့ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနသူ တစ္ဦးပါ။ ခ်စ္သုေဝက လက္ရွိမွာေတာ့ သူမရဲ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္ကို ထိန္းေက်ာင္းရင္းနဲ႔ အႏုပညာလုပ္ငန္းေတြကို တြဲဖက္ လုပ္ကိုင္ေနလ်က္ရွိပါတယ္။ ဒါ့အျပင္ ခ်စ္သုေဝက ပရိသတ္ေတြ အဆက္အသြယ္မျပတ္ေတာက္ေအာင္ ႀကိဳးစားေနလ်က္ရိွပါတယ္။

Image may contain: 1 person, smiling, indoor, text that says 'JUVENUS'
ခ်စ္သုေဝရဲ႕ သမီးေလးႏွစ္ေယာက္ျဖစ္တဲ့ ေခတ္ေလးနဲ႔ သစ္ေလးကလည္း အရမ္းခ်စ္စရာေကာင္းတာမို႔ ပရိသတ္ေတြက သည္းသည္းလႈပ္ ခ်စ္ခင္ၾကတာပဲ ျဖစ္ပါတယ္။

Image may contain: 1 person, smiling
ဒီကေန႔ ဇန္နဝါရီ္လ (၁၉) ရက္ေန႔က သမီးေလး ေမျမန္မာေခတ္နဲ႔ ေမျမန္မာသစ္တို႔ရဲ႕ (၃) ႏွစ္ျပည့္ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ခ်စ္သုေဝက သမီးေလးႏွစ္ေယာက္ရဲ႕ ေမြးေန႔မွာ သူမကိုယ္တိုင္ ေမြးေန႔ကိတ္ေလး ႀကိဳးစားပန္းစားဖုတ္ထားခဲ့တာကို အခုလိုပဲ ေျပာျပာထားပါတယ္။

Image may contain: food and indoor
“ပထမဦးဆုံးကိုယ္တိုင္လုပ္တဲ့ ကိတ္မုန္႔​ေလးဟာ သမီး​ေလး​ေတြအတြက္ ​ေမြး​ေန႔ကိတ္​ေလးျဖစ္​ေနသတဲ့.. အရြယ္တစ္ခု​ေရာက္လို့ ဒီ cakeပုံ​ေလးျမင္တိုင္း ​ေမ​ေမ့ရဲ့ရင္ထဲကိုျမင္နိုင္ပါ​ေစ! 🎂 ဟတ္ပီဘတ္​ေဒး ​ေမ​ေမ့သည္းေလး​ေတြ❤” ဆိုၿပီး မ်ွေဝထားပါတယ္။

Image may contain: dessert and food
ခ်စ္သုေဝကေတာ့ သမီးေလးေတြအတြက္ဆို မလုပ္ႏိုင္တာကို မရိွတဲ့ မိခင္ေကာင္းတစ္ေယာက္ ျဖစ္ပါတယ္။ ေခတ္နဲသစ္လည္း ေမြးေန႔ကစၿပီး သက္႐ွည္က်န္းမာစြာျဖင့္ ေဖေဖ၊ ေမေမနဲ႔ တိုင္းျပည္အက်ိဳး သယ္ပိုးႏိုင္တဲ့ သမီးေကာင္းရတနာေလးေတြ ျဖစ္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ မိုမိုေလး

Image may contain: 1 person, smiling, table

Unicode

ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒါ့အပြင် ချစ်သုဝေက ပရိသတ်တွေ အဆက်အသွယ်မပြတ်တောက်အောင် ကြိုးစားနေလျက်ရှိပါတယ်။

Image may contain: 1 person, smiling, sitting and shoes
ချစ်သုဝေရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးကလည်း အရမ်းချစ်စရာကောင်းတာမို့ ပရိသတ်တွေက သည်းသည်းလှုပ် ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ်လ (၁၉) ရက်နေ့က သမီးလေး မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ (၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချစ်သုဝေက သမီးလေးနှစ်ယောက်ရဲ့ မွေးနေ့မှာ သူမကိုယ်တိုင် မွေးနေ့ကိတ်လေး ကြိုးစားပန်းစားဖုတ်ထားခဲ့တာကို အခုလိုပဲ ပြောပြာထားပါတယ်။

Image may contain: 3 people, people smiling, people standing
“ပထမဦးဆုံးကိုယ်တိုင်လုပ်တဲ့ ကိတ်မုန့်လေးဟာ သမီးလေးတွေအတွက် မွေးနေ့ကိတ်လေးဖြစ်နေသတဲ့.. အရွယ်တစ်ခုရောက်လို့ ဒီ cakeပုံလေးမြင်တိုင်း မေမေ့ရဲ့ရင်ထဲကိုမြင်နိုင်ပါစေ! 🎂 ဟတ်ပီဘတ်ဒေး မေမေ့သည်းလေးတွေ❤” ဆိုပြီး မျှဝေထားပါတယ်။

Image may contain: 3 people, people smiling, people standing
ချစ်သုဝေကတော့ သမီးလေးတွေအတွက်ဆို မလုပ်နိုင်တာကို မရှိတဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ ခေတ်နဲသစ်လည်း မွေးနေ့ကစပြီး သက်ရှည်ကျန်းမာစွာဖြင့် ဖေဖေ၊ မေမေနဲ့ တိုင်းပြည်အကျိုး သယ်ပိုးနိုင်တဲ့ သမီးကောင်းရတနာလေးတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မိုမိုလေး

Image may contain: 1 person, smiling, standing