အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ အနုပညာလုပ်ငန်းတွေနဲ့ ပွဲတက်တွေကို လက်မလည်အောင် လုပ်ကိုင်တက်ရောက်နေရတဲ့ အိန္ဒြာကျော်ဇင်က မနေ့က ဇန်နဝါရ်ီလ (၁၈) ရက်နေ့မှာတော့ ဒါရိုက်တာ မိုက်တီးနဲ့ လင်းဇာနည်ဇော်တို့ကို အားပေးခဲ့ကြောင်း အခုလို ပြောပြထားပါတယ်။
Unicode
နိုင်ငံကျော်မင်းသမီးချော အကယ်ဒမီ အိန္ဒြာကျော်ဇင်က အလုပ်ပေါ်မှာ အာရုံစူးစိုက်မှုကောင်းပြီး စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်သူဖြစ်တာကြောင့် အကယ်ဒမီဆုကြီးများစွာကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အိန္ဒြာကျော်ဇင်က ငယ်စဉ်ကတည်းက အခုအချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။
အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ အနုပညာလုပ်ငန်းတွေနဲ့ ပွဲတက်တွေကို လက်မလည်အောင် လုပ်ကိုင်တက်ရောက်နေရတဲ့ အိန္ဒြာကျော်ဇင်က မနေ့က ဇန်နဝါရီ်လ (၁၈) ရက်နေ့မှာတော့ ဒါရိုက်တာ မိုက်တီးနဲ့ လင်းဇာနည်ဇော်တို့ကို အားပေးခဲ့ကြောင်း အခုလို ပြောပြထားပါတယ်။
“ဒီနေ့ မြန်မာပေါကားတွေရပ် family show လေးကို ရှုတင်ကနေ အပြေးအလွှားသွား။ ကိုယ်ရောက်တော့ကျားကျားက အင်တာဗျူးဖြေပြီးလို့ အထဲတောင်ရောက်လို့ထိုင်နေပြီ။ သူ့နားလေးသွားထိုင် အခုလည်း ဇာတ်ကားကိုလဲအပြီးထိမကြည့်ရ။ ပွဲလေးတခုတက်စရာကို တစ်ခါပြန်အပြေးအလွှားပြန်သွား”
“တော်သေးတယ် ပြန်အထွက်လေးမှာချစ်သောဒါရိုက်တာကိုမိုက်ကြီးနဲ့ ပရိုဂျူဆာ မလင်းတို့ ကိုရန်လေးတို့နဲ့ ဓာတ်ပုံလေးတဖြတ်ရိုက်လိုက်ရလို့.. မိုင် ကျားကျားနဲ့ ဒါ့ပုံတောင် တူတူမရိုက်လိုက်ရဘူး။ ဇာတ်ကားလေးအစအဆုံးကို ရုံတင်မှပဲပြန်ကြည့်ရတော့မယ်🥺” ဆိုပြီး ပြောထားပါတယ်။
အိန္ဒြာကျော်ဇင်က အလုပ်တွေ ဘယ်လောက်များများ သူမရဲ့ အနုပညာမောင်နှမတွေအတွက်ဆို အချိန်မရမက ပေးသူလေး တစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။မိုမိုလေး