သရုပ်ဆောင် ဘေဘီမောင်က သူမရဲ့ အိပ်မက်တွေအကောင်အထည်ဖော်နေတဲ့ မြောက်ဒဂုံမှာရှိတဲ့ သုံးထပ်တိုက် အိမ်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပြသပေးခဲ့ပါတယ်။
ဘေဘီမောင်ဟာ အမိုက်စားခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး အမြဲ ဆက်စီကျကျ နေတတ်တဲ့ သူတစ်ဦးပါ။ ခေတ်ဆန်ဆန်ဝတ်စားဆင်ယဉ်တတ်သလို မြန်မာဝတ်စုံလေးတွေနဲ့လည်း ကျက်သရေရှိအောင် လိုက်ဖက်လှပလွန်းလှပါတယ်။
သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း လျို့ဝှက်မထားတတ်သူပီပီ အဆိုတော် သားဂန်းနဲ့ ချစ်သူတွေဖြစ်နေတဲ့အကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးပြောပြထားခဲ့တာဖြစ်ပါတယ်။ ဘေဘီမောင်အပြင် ညီမဖြစ်သူ သံစဉ်မောင်ကလည်း အနုပညာလောကထဲမှာ လျှောက်လှမ်းဖို့ ကြိုးစားနေကြသူတွေပဲဖြစ်ပါတယ်။
ဘေဘီမောင်က ဒီရက်ပိုင်းထဲမှာပဲ သူမရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်တည်ဆောက်နေတဲ့အကြောင်းကို ပရိသတ်ကြီးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။
အဲ့ဒီအိပ်မက်ကတော့ သူမ တည်ဆောက်နေတဲ့ အိမ် ပဲဖြစ်ပါတယ်။ ဘေဘီမောင်က သူမတို့ မိသားစု နေထိုင်ဖို့ အတွက် ၃ ထပ်တိုက် တစ်လုံးကိုတည်ဆောက်နေတာဖြစ်ပါတယ်။ မြောက်ဒဂုံမြို့နယ် ၊ ဒဂုံတက္ကသိုလ် တည်ရှိရာနားမှာ သူမ စုဆောင်းထားတဲ့ ငွေကြေးလေးနဲ့ အိမ် တစ်လုံး ဆောက်လုပ်နေခဲ့တာဖြစ်ပါတယ်။
ထိုအိမ်လေးဟာ ယခုလက်ရှိအချိန်မှာတော့ ဆောက်လုပ်ဆဲကာလဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ အပြီးသတ်ဆောက်လုပ်ဖို့ ခန့်မှန်းထားကြောင်းလည်း သူမက ဆိုပါတယ်။ ဖေဖော်ဝါရီလဟာ သူမကို မွေးဖွားခဲ့တဲ့ လဖြစ်ပြီး ထိုလအတွင်းမှာပဲ အိမ်ဆောက်လုပ်ပြီးစီးပါက မွေးနေ့နှင့် အိမ်တက်ပွဲကို ပေါင်းလုပ်မယ့် အကြောင်းကိုပါ ပြောပြလာတာဖြစ်ပါတယ်။
သူမဟာ ငွေကြေးချမ်းသာလို့ ယခုလိုဆောက်လုပ်နေတာမျိုးမဟုတ်ဘဲ သူမရဲ့ အိပ်မက်တွေထဲက အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်တစ်ခုလုံးဆောက်လုပ်ပြီးစီးသွားခဲ့ရင်လည်း ပရိသတ်တွေကို ထပ်မံပြသပေးသွားမှာဖြစ်ပြီးတော့ ယခုဆောက်လုပ်ဆဲ အနေအထားမှာလည်း အိမ်ရဲ့ အတွင်းပြင်ဆင်ပုံတွေကို ပြသခဲ့ပါတယ်။
ပရိသတ်ကြီးရေ…ဘေဘီမောင်က ဘယ်လိုစိတ်ကူးနဲ့ သူမရဲ့ အိမ်ကို အကောင်အထည်ဖော် တည်ဆောက်ထားလဲဆိုတာ သိရှိနိုင်ဖို့ ဒီဗွီဒီယိုလေးကို ဖွင့်ကြည့်လိုက်ပါနော်။
Cele Star