အသက် (၆)လပြည့်သွားပြီဖြစ်တဲ့ ဖေဖေအောင်သူနဲ့ မေမေပိုးအိအိခန့်တို့ရဲ့သားလေး သွင်ဦးဟန်
အနုပညာ
Image may contain: 5 people, people smiling
Image may contain: 1 person, sleeping, sitting, baby and text
Image may contain: 2 people, people eating
Image may contain: 4 people, people smiling, people sitting and indoor
Unicode
ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် မတ်လ (၂၆)ရက်နေ့က မြန်မာနိုင်ငံရဲ့ ထိပ်တန်းဘောလုံးကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်သူနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့နှစ်ယောက်ရဲ့ မင်္ဂလာ လက်ထပ်ပွဲလေး ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။
Image may contain: 1 person, sitting, baby and closeup
ဒီနေ့ ဇန်နဝါရီလ (၁၉)ရက်နေ့လေးကတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားသားလေး သွင်ဦးဟန်ရဲ့ (၆)လပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။အခုလို သားသားလေးရဲ့ (၆)လပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်လေးမှာတော့ မေမေ ပိုးအိအိခန့်က “Happy Birthday ပါ ချစ်ရတဲ့ မေမေ့ အသဲနှလုံးလေးရေ ဒီနေ့ မေမေ့သားလေး (၆)လပြည့်ပြီ။လူ့လောကကြီးကို ရောက်လာရတာ အမြဲတမ်း ပြုံးပြီး ပျော်ရွှင်နေတဲ့ မေ့သားလေး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာစွာနဲ့ လူတော်လူကောင်းလူလိမ္မာလေးတစ်ယောက်အဖြစ် တစ်သက်လုံး လောကအလယ်မှာ အခုလိုပဲ ပြုံးပြုံးလေး ရင်ဆိုင်နိုင်ပါစေလို့ မေမေ ဆုတောင်းပေးပါတယ် မေမေချစ်ရတဲ့သားလေးရေ”လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။
ပရိသတ်တွေကလည်း သားသားလေးရဲ့ (၆)လပြည့်မွေးနေ့လေးကစပြီး အသက်ရှည်ကျန်းမာ ရိုးသားဖြောင့်မတ်စွာနဲ့ လူတော်လူကောင်း လူလိမ္မာလေးအဖြစ် နိုင်ငံအကျိုး သာသနာအကျုးိ ဘိုးဘွားမိဘအကျိုးသယ်ပိုးနိုင်တဲ့သားရတနာလေးဖြစ်ဖို့ကိုလည်း ဆုတောင်းပေးထားပါသေးတယ်။ ပရိသတ်ကြီးရေ ဖေဖေအောင်သူ မေမေပိုးအိအိခန့်တို့ရဲ့ သားသားအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းသွားပေးပါဦးနော်။