Unicode
ပရိသတ်တွေအချစ်ပိုရတဲ့ မြန်မာနိုင်ငံကအနုပညာရှင်စုံတွဲတွေ အများကြီးရှိပါတယ်။သန္တာဗိုလ်နဲ့ကောင်းပြည့်ကလည်း ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်စုံတွဲတွေမှာပါဝင်ပါတယ်။သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းကလည်း (၈)နှစ်အတွင်းမှာရှိနေပါပြီ။
ဒီလိုချစ်သူသက်တမ်းကြာနေတာကြောင့်လည်း ပရိသတ်တွေကဘယ်တော့များလက်ထပ်မှာလဲဆိုပြီး စိတ်ဝင်စားနေကြတာပါ။ဘယ်တော့အိမ်ထောင်ပြုမလဲဆိုတဲ့မေးခွန်းလေးကိုတော့ ကောင်းပြည့်က “plan မရှိလို့မဟုတ်ဘူးရှိတယ်၊မပြောပြချင်သေးတာပါ။” လို့လည်း ဖြေသွားခဲ့ပါတယ်။
ဒါ့အပြင် အဆိုတော်နေဝင်းက သူ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းတာနဲ့ပတ်သက်ပြီးလည်း အဲဒီလိုပုံစံမျိုးလေး သဘောကျကြောင်း၊ကောင်မလေးကလည်း ကြိုမသိထားတဲ့အတွက်ရင်ခုန်စေကြောင်း ပြောင်းသွားခဲ့ပါသေးတယ်။
ဆက်လက်ပြီးတော့ သန္တာဗိုလ်ကို Surprise လုပ်ဖို့ အစီအစဉ်တွေရှိနေပြီလားလို့မေးမြန်းတဲ့အခါမှာလည်း “ရှိပါတယ်၊ရှိတာတော့ ရှိတာပေါ့” ဆိုပြီးတော့လည်း ဖြေခဲ့ပါသေးတယ်။ကောင်းပြည့်ကတော့ Surprise လုပ်ဖို့အစီအစဉ်ရှိပေမယ့် သန္တာဗိုလ်ကို မသိစေချင်သေးတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမယ့်လည်း မီဒီယာတွေကမေဒခွန်းထုတ်တာကြောင့် ကောင့်ပြည့်ကတော့ ပြောလိုက်ရပါပြီ။အခုနောက်ပိုင်းမှာခေတ်စားနေတဲ့ Surprise လုပ်ပြီး လက်ထပ်ခွင့်တောင်းတာမျိုးလုပ်ဦးမလားဆိုတာတော့ ရင်ခုန်စရာပါပဲနော်…