လူနာကိုမကြည့်ပဲ ဖုန်းချည်းသုံးနေတဲ့ ချစ်သူလေး ခင်လွှမ်းကို စိတ်ကောက်နေတဲ့ စည်ဖြိုး

အနုပညာ

ချိုသာတဲ့ မျက်နှာလေးနဲ့ မိန်းကလေးတွေရဲ့ အသည်းကို ဆွဲဆောင်နိုင်တဲ့ မင်းသားချော စည်ဖြိုးက ရုပ်ရှင်၊ ဇာတ်ကားကြီးတွေကို ရိုက်ကူးရင်း အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ စည်ဖြိုးက မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ “အလင်းထဲကလူ” ရုပ်သံဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ စည်ဖြိုးက အခုလက်ရှိမှာတော့ ရုပ်ရှင်၊ ဇာတ်လမ်းတွေ ရိုက်ကူးခြင်းအပြင် သီချင်းတွေလည်း သီဆိုနေပြီ ဖြစ်ပါတယ်


ပရိသတ်တွေက စည်ဖြိုးရဲ့ အနုပညာလှုပ်ရှားမှုကိုသာမက သူ့ရဲ့ အချစ်ရေးလေးကိုပါ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ စည်ဖြိုးက ချစ်စရာကောင်းပြီး လှပလွန်းတဲ့ မိန်းကလေး ခင်လွှမ်းနဲ့အတူတူ ပျော်ရွှင်တဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။


စည်ဖြိုးက လက်ရှိမှာတော့ ခြေထောက်ဒဏ်ရာတစ်ခုကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဆေးရုံတက်၊ ဆေးကုသမှု ခံယူနေတာဖြစ်ပြီး ချစ်သူလေး ခင်လွှမ်းကတော့ စည်ဖြိုးကို လိုလေသေးမရှိ အနီးကပ်စောင့်ရှောက်နေတာ ဖြစ်ပါတယ်။


ဒါပေမယ့် စည်ဖြိုးခမျာ နေမကောင်းတဲ့အချိန်ဖြစ်နေရှာတော့ ချစ်သူကို သူ့နားမှာပဲ ရှိနေစေချင်တဲ့ပုံပေါ်ပြီး ဖုန်းလေး ခဏတဖြုတ်သုံးတုန်း သူ့ကိုလှည့်မကြည့်တဲ့ ချစ်သူလေးကို စိတ်ကောက်နေတာကို တွေ့ရပါတယ်။

စည်ဖြိုးကတော့ သူ့ကို အမေလို၊ အစ်မလို ဂရုစိုက်ကြင်နာတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတာ အရမ်းကံကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း စည်ဖြိုးတို့ ချစ်သူနှစ်ယောက်ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး ကြည်နူးမဆုံးဖြစ်နေမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မိုမိုလေး