Esther က သူမရဲ႕ဖခင္ျဖစ္သူ၊ ဦးေလးျဖစ္သူတို႔နဲ႔ ႐ိုက္ထားတဲ့ ဓာတ္ပုံေတြဟာ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ျပန႔္ေနတဲ့အျပင္ သူမရဲ႕ ခင္ပြန္းပါလို႔ စြပ္စြဲ ခံေနရတဲ့အေပၚ စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။ဒီ ေကာလာဟလသတင္းေတြကိုလည္း ျပန္လည္ေျဖရွင္းေတာ့မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။
အဆိုေတာ္ Esther ဟာ အိမ္ေထာင္ရွိတယ္ဆိုၿပီးေတာ့ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ပ်ံ႕ႏွံ႔ေနခဲ့ပါတယ္။ ဒီသတင္းေတြဟာ ေကာလာဟလသတင္းေတြျဖစ္တာေၾကာင့္ ျပန္ေျဖရွင္းတာမ်ိဳးေတြ မလုပ္ေတာ့ဘူးလို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။
“ ေကာလာဟလ သတင္းေတြဆိုတာလည္း ေျဖရွင္းလိုက္တာထက္ ၿမိဳခ်လိုက္တာ ပိုေကာင္းတယ္လို႔ ညီမထင္တယ္။ ကဲ့ရဲ႕ ၇ ရက္၊ ခ်ီးမႊမ္း ၇ ရက္လို႔ေျပာတဲ့အတိုင္းပဲ ျပႆနာတစ္ခုခုျဖစ္လို႔ လိုက္ရွင္းေနရတယ္ဆိုရင္ ဒီဟာနဲ႔ပဲ အခ်ိန္ကုန္သြားမွာေလ။ ကိုယ္သည္းခံႏိုင္သည္ျဖစ္ေစ၊ သည္းမခံႏိုင္သည္ ျဖစ္ေစ စိတ္ထဲကေနပဲ ၿမိဳသိပ္ေနတာ ေကာင္းပါတယ္လို႔ပဲ ေတြးလိုက္တယ္” လို႔ဆိုပါတယ္။
Esther က ဖခင္ျဖစ္သူနဲ႔ ႐ိုက္ထားတဲ့ ဓာတ္ပုံ၊ ဦးေလးအရင္းျဖစ္သူနဲ႔ ႐ိုက္ထားတဲ့ ဓာတ္ပုံေတြကို တင္ၿပီး ခင္ပြန္းပါလို႔ စြပ္စြဲခံရတာျဖစ္တဲ့အတြက္ စိတ္မေကာင္းဘူးလို႔ ဆိုပါတယ္။ ဒီလို သတင္းေတြေၾကာင့္ သူမရဲ႕ အေဖေရာ၊ ဦးေလး ျဖစ္သူတို႔ကပါ သူမအတြက္ စိတ္မေကာင္းျဖစ္ေနတယ္လို႔ ေျပာပါတယ္။
“ သူတို႔ အခုေျပာေနတဲ့ ခင္ပြန္းဆိုတဲ့သူကလည္း သမီးရဲ႕ အေဖပါ။ ကိုယ့္ကို ေမြးခဲ့တဲ့ အေဖျဖစ္တဲ့အတြက္ သမီးအေဖအတြက္လည္း စိတ္မေကာင္းဘူး။ ၿပီးေတာ့ US မွာတုန္းက ဦးေလးအရင္းေခါက္ေခါက္နဲ႔႐ိုက္ထားတဲ့ ဓာတ္ပုံေတြလည္းတက္လာတယ္။ သူက ပီယာႏိုတီးတယ္၊ သူက US မွာ Music Trainning လာေပးတာေပါ့ေနာ္။ သူတို႔ေျပာတဲ့သူေတြကလည္း ကိုယ့္အေဖ၊ ကိုယ့္ဦးေလးျဖစ္ေနေတာ့ စိတ္မေကာင္းဘူး။ အေဖဆိုရင္ အခုေနာက္ပိုင္း ဓာတ္ပုံေတာင္ မ႐ိုက္ခ်င္ေတာ့ဘူး။ ေနာက္ ဒီလိုမျဖစ္ေအာင္ ဆင္ျခင္ရမွာေပါ့” လို႔ သူကဆိုပါတယ္။
Esther ဟာ ဘာသာေရးကို ကိုင္းရႈိင္းသူတစ္ေယာက္ျဖစ္လို႔ သူမရဲ႕ မဟုတ္မမွန္သတင္းလႊင့္တဲ့သူေတြကို ေမတၱာပဲထားတယ္လို႔ဆိုပါတယ္။
“ဓာတ္ပုံျဖန႔္တဲ့ သူေတြကို တရားမစြဲေတာ့ပါဘူး။ ကိုယ္က ဘာပဲလုပ္လုပ္ ဘုရားပါတဲ့အတြက္ ကိုယ့္ယုံၾကည္ခ်က္နဲ႔ သြားတာျဖစ္တဲ့အတြက္ ဘုရားပဲ လႈပ္ရွားပါလိမ့္မယ္။ ကိုယ္က လိုက္လုပ္ေနရင္ ကိုယ္ပဲ ပင္ပန္းပါတယ္” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၈ ရက္ေန႔က Opening Ceremony Of AIA Office ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့ပါတယ္။
Esther ကေတာ့ Myanmar idol (Season-4) သီခ်င္းဆိုၿပိဳင္ပြဲႀကီးရဲ႕ winner ဆုရွင္တစ္ေယာက္ျဖစ္ပါတယ္။ သီခ်င္းဆိုၿပိဳင္ပြဲၿပီးတဲ့ေနာက္မွာေတာ့ သူမဟာ ေဖ်ာ္ေျဖပြဲေတြမွာ သီခ်င္းေတြ ဆိုေနရပါတယ္။ ဂီတဘက္မွာလည္း ေအာင္ျမင္လာၿပီျဖစ္တဲ့ Esther ဟာ ပညာေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း စီးပြားေရးဘြဲ႕ ရရွိခဲ့ၿပီးျဖစ္ပါတယ္။ ဇန္နဝါရီလ ၁၉ ရက္ေန႔က စီးပြားေရးဘြဲ႕ယူခဲ့တယ္လို႔ သိရပါတယ္။ Celeyatwkat
Unicode
Esther က သူမရဲ့ဖခင်ဖြစ်သူ၊ ဦးလေးဖြစ်သူတို့နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နေတဲ့အပြင် သူမရဲ့ ခင်ပွန်းပါလို့ စွပ်စွဲ ခံနေရတဲ့အပေါ် စိတ်မကောင်းဖြစ်လို့နေပါတယ်။ဒီ ကောလာဟလသတင်းတွေကိုလည်း ပြန်လည်ဖြေရှင်းတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အဆိုတော် Esther ဟာ အိမ်ထောင်ရှိတယ်ဆိုပြီးတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ ဒီသတင်းတွေဟာ ကောလာဟလသတင်းတွေဖြစ်တာကြောင့် ပြန်ဖြေရှင်းတာမျိုးတွေ မလုပ်တော့ဘူးလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ ကောလာဟလ သတင်းတွေဆိုတာလည်း ဖြေရှင်းလိုက်တာထက် မြိုချလိုက်တာ ပိုကောင်းတယ်လို့ ညီမထင်တယ်။ ကဲ့ရဲ့ ၇ ရက်၊ ချီးမွှမ်း ၇ ရက်လို့ပြောတဲ့အတိုင်းပဲ ပြဿနာတစ်ခုခုဖြစ်လို့ လိုက်ရှင်းနေရတယ်ဆိုရင် ဒီဟာနဲ့ပဲ အချိန်ကုန်သွားမှာလေ။ ကိုယ်သည်းခံနိုင်သည်ဖြစ်စေ၊ သည်းမခံနိုင်သည် ဖြစ်စေ စိတ်ထဲကနေပဲ မြိုသိပ်နေတာ ကောင်းပါတယ်လို့ပဲ တွေးလိုက်တယ်” လို့ဆိုပါတယ်။
Esther က ဖခင်ဖြစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ၊ ဦးလေးအရင်းဖြစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်ပြီး ခင်ပွန်းပါလို့ စွပ်စွဲခံရတာဖြစ်တဲ့အတွက် စိတ်မကောင်းဘူးလို့ ဆိုပါတယ်။ ဒီလို သတင်းတွေကြောင့် သူမရဲ့ အဖေရော၊ ဦးလေး ဖြစ်သူတို့ကပါ သူမအတွက် စိတ်မကောင်းဖြစ်နေတယ်လို့ ပြောပါတယ်။
“ သူတို့ အခုပြောနေတဲ့ ခင်ပွန်းဆိုတဲ့သူကလည်း သမီးရဲ့ အဖေပါ။ ကိုယ့်ကို မွေးခဲ့တဲ့ အဖေဖြစ်တဲ့အတွက် သမီးအဖေအတွက်လည်း စိတ်မကောင်းဘူး။ ပြီးတော့ US မှာတုန်းက ဦးလေးအရင်းခေါက်ခေါက်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်းတက်လာတယ်။ သူက ပီယာနိုတီးတယ်၊ သူက US မှာ Music Trainning လာပေးတာပေါ့နော်။ သူတို့ပြောတဲ့သူတွေကလည်း ကိုယ့်အဖေ၊ ကိုယ့်ဦးလေးဖြစ်နေတော့ စိတ်မကောင်းဘူး။ အဖေဆိုရင် အခုနောက်ပိုင်း ဓာတ်ပုံတောင် မရိုက်ချင်တော့ဘူး။ နောက် ဒီလိုမဖြစ်အောင် ဆင်ခြင်ရမှာပေါ့” လို့ သူကဆိုပါတယ်။
Esther ဟာ ဘာသာရေးကို ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်လို့ သူမရဲ့ မဟုတ်မမှန်သတင်းလွှင့်တဲ့သူတွေကို မေတ္တာပဲထားတယ်လို့ဆိုပါတယ်။
“ဓာတ်ပုံဖြန့်တဲ့ သူတွေကို တရားမစွဲတော့ပါဘူး။ ကိုယ်က ဘာပဲလုပ်လုပ် ဘုရားပါတဲ့အတွက် ကိုယ့်ယုံကြည်ချက်နဲ့ သွားတာဖြစ်တဲ့အတွက် ဘုရားပဲ လှုပ်ရှားပါလိမ့်မယ်။ ကိုယ်က လိုက်လုပ်နေရင် ကိုယ်ပဲ ပင်ပန်းပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က Opening Ceremony Of AIA Office ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။
Esther ကတော့ Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးရဲ့ winner ဆုရှင်တစ်ယောက်ဖြစ်ပါတယ်။ သီချင်းဆိုပြိုင်ပွဲပြီးတဲ့နောက်မှာတော့ သူမဟာ ဖျော်ဖြေပွဲတွေမှာ သီချင်းတွေ ဆိုနေရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်လာပြီဖြစ်တဲ့ Esther ဟာ ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း စီးပွားရေးဘွဲ့ ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့က စီးပွားရေးဘွဲ့ယူခဲ့တယ်လို့ သိရပါတယ်။