ဒုတိယႏွစ္ကို ေအာင္ျမင္သြားၿပီျဖစ္တဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳ

အႏုပညာ

ပရိသတ္ေတြက “ေမာင္ခ်ိဳေလး”လို႔ခ်စ္စႏိုးနဲ႔ေခၚဆိုၾကတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ Myanmar Idol Season (3)သီခ်င္းဆိုၿပိဳင္ပြဲႀကီးကို ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ ၿပိဳင္ပြဲဝင္တစ္ဦးပဲျဖစ္ပါတယ္။ၿပိဳင္ပြဲတစ္ေလွ်ာက္လုံး ႀကိဳးႀကိဳးစားစားနဲ႔ ယွဥ္ၿပိဳင္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲဝင္ေနစဥ္ကာလကတည္းက ဒိုင္ေတြရဲ႕ သတိထားေစာင့္ၾကည့္ခံရတဲ့ ၿပိဳင္ပြဲဝင္ေတြထဲမွာ ေမာင္ခ်ိဳေလးက တစ္ေယာက္အေနနဲ႔ အပါအဝင္ပဲျဖစ္ၿပီး First Winner Up (ဒုတိယ)ဆုႀကီး အထိကို ရရွိပိုင္ဆိုင္ခဲ့ပါေသးတယ္။

Image may contain: 1 person, smiling, standing, ocean, sky, beach, outdoor, water and nature

Image may contain: 1 person, smiling, hat, outdoor and closeup

သူမဝါသနာပါတဲ့ အႏုပညာအလုပ္ေတြကို တစ္စိုက္မတ္မတ္လုပ္ကိုင္ေနၿပီး Soloေတးသီခ်င္းေပါင္းေျမာက္ျမားစြာထြက္ရွိထားပါေသးတယ္။ ပရိသတ္ရင္ထဲကအခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္တဲ့အျပင္ ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွာရပ္တည္ေနပါတယ္။အႏုပညာအလုပ္တစ္ဖက္နဲ႔ ပညာေရးကိုလည္း ႀကိဳးစားေနခဲ့တာျဖစ္ၿပီးေမာင္ခ်ိဳေလးက အေဝးသင္အေနနဲ႔ တကၠသိုလ္ ဒုတိယႏွစ္ကို ဥပေဒပညာရပ္ အထူးျပဳျဖင့္ ဒဂုံတကၠသိုလ္မွာ တက္ေရာက္ေနခဲ့တာပဲျဖစ္ပါတယ္။

Image may contain: 1 person, smiling, hat and outdoor

Image may contain: 1 person, smiling, standing

ဒီေန႔မွာေတာ့ ေမာင္ခ်ိဳေလးေျဖဆိုထားတဲ့ ဒုတိယႏွစ္စာေမးပြဲေအာင္စာရင္းႀကီးကထြက္လာခဲ့ၿပီျဖစ္ၿပီး ေမာင္ခ်ိဳေလးကေတာ့ ဒုတိယႏွစ္ကို ေအာင္ျမင္သြားၿပီပဲျဖစ္ပါတယ္။အႏုပညာအလုပ္ေတြတစ္ဖက္နဲ႔ စာေမးပြဲႀကီးကိုလည္း ေအာင္ျမင္ေအာင္ေျဖဆိုႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြက ေမာင္ခ်ိဳေလးအတြက္ ဝမ္းသာဂုဏ္ယူေနၾကပါတယ္။ ပရိသတ္ႀကီးေရ ေမာင္ခ်ိဳေလးအတြက္ကို ဂုဏ္ျပဳစကားေလးေတြေျပာသြားေပးခဲ့ပါဦး။

Unicode

ပရိသတ်တွေက “မောင်ချိုလေး”လို့ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season (3)သီချင်းဆိုပြိုင်ပွဲကြီးကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးပဲဖြစ်ပါတယ်။ပြိုင်ပွဲတစ်လျှောက်လုံး ကြိုးကြိုးစားစားနဲ့ ယှဉ်ပြိုင်ခဲ့တာကြောင့် ပြိုင်ပွဲဝင်နေစဉ်ကာလကတည်းက ဒိုင်တွေရဲ့ သတိထားစောင့်ကြည့်ခံရတဲ့ ပြိုင်ပွဲဝင်တွေထဲမှာ မောင်ချိုလေးက တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပြီး First Winner Up (ဒုတိယ)ဆုကြီး အထိကို ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။

Image may contain: 1 person, smiling, closeup

သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေပြီး Soloတေးသီချင်းပေါင်းမြောက်မြားစွာထွက်ရှိထားပါသေးတယ်။ ပရိသတ်ရင်ထဲကအချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့အပြင် အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နေပါတယ်။အနုပညာအလုပ်တစ်ဖက်နဲ့ ပညာရေးကိုလည်း ကြိုးစားနေခဲ့တာဖြစ်ပြီးမောင်ချိုလေးက အဝေးသင်အနေနဲ့ တက္ကသိုလ် ဒုတိယနှစ်ကို ဥပဒေပညာရပ် အထူးပြုဖြင့် ဒဂုံတက္ကသိုလ်မှာ တက်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။

Image may contain: 1 person, smiling, closeup

Image may contain: 1 person, smiling, closeup

ဒီနေ့မှာတော့ မောင်ချိုလေးဖြေဆိုထားတဲ့ ဒုတိယနှစ်စာမေးပွဲအောင်စာရင်းကြီးကထွက်လာခဲ့ပြီဖြစ်ပြီး မောင်ချိုလေးကတော့ ဒုတိယနှစ်ကို အောင်မြင်သွားပြီပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေတစ်ဖက်နဲ့ စာမေးပွဲကြီးကိုလည်း အောင်မြင်အောင်ဖြေဆိုနိုင်ခဲ့တာကြောင့် ပရိသတ်တွေက မောင်ချိုလေးအတွက် ဝမ်းသာဂုဏ်ယူနေကြပါတယ်။ ပရိသတ်ကြီးရေ မောင်ချိုလေးအတွက်ကို ဂုဏ်ပြုစကားလေးတွေပြောသွားပေးခဲ့ပါဦး။

Image may contain: 1 person, sitting, shoes and indoor