အမိုက်စား ဖက်ရှင်နဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုခဲ့တဲ့ မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံ

အနုပညာ

ဂီတလောကမှာ လူမှန်ကြီးလို့ တင်စားရလောက်တဲ့ မြန်မာပြည်သိန်းတန်ကလည်း ပြင်ဦးလွင်မှာ ပြုလုပ်တဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲကိုတက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။

Image may contain: 4 people, people smiling, people standing, outdoor and text

Image may contain: 5 people, people smiling, people standing

မြန်မာပြည်သိန်းတန်ဟာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ တေးသီချင်းတွေကို သီဆိုခဲ့ပြီး ယနေ့ခေတ်မှာလည်း သူ့ရဲ့ နာမည်တစ်လုံးကို ဖက်ရှင်နဲ့ ထိန်းထားနိုင်သူပါ။ မြန်မာအိုင်ဒေါ Season-3 အထိ ဒိုင် ၃ ယောက်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး သူ့ရဲ့ ဖက်ရှင်ဆန်းသစ်မှုတွေကို အပတ်တိုင်းစောင့်ကြည့်ရလောက်အောင်ထိ ပြောင်မြောက်စွာ ဝတ်ဆင်ခဲ့သူပါ။

Image may contain: 2 people, people standing

မြန်မာအိုင်ဒေါမှာ ဒိုင်အဖြစ် ဆောင်ရွက်စဉ်ချိန်မှာလည်း အမုန်းခံပြီး အမှန်တွေကို ပြောတတ်တဲ့ ဂီတဆရာတစ်ဦးလို့ ပရိသတ်တွေက သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 2 people, people standing

မြန်မာပြည်သိန်းတန်ရဲ့ ဖက်ရှင်တွေကိုတော့ ဇနီးဖြစ်သူ ဒေါက်တာ နုနန္ဒာသန်းက စီစဉ်ဆောင်ရွက်ပေးတာဖြစ်ပြီး ဇနီးမောင်နှံ (၂) ဦးလုံးက အမြဲလိုလို နုပျိုလန်းဆန်းပြီး ဖက်ရှင်အပြည့်နဲ့ စတိုင်ကျနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

Image may contain: 1 person, standing

မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြင်ဦးလွင်က ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲမှာလည်း မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံ ၂ ဦးရဲ့ အမိုက်စား ဖက်ရှင်ကို ပရိသတ်တွေ မြင်တွေ့နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Image may contain: 5 people, people smiling, people standing, shoes and outdoor

Image may contain: 2 people, people standing

ဒီမင်္ဂလာပွဲမှာတော့ မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံ ကို ရေချယ်တေဇနဲ့အတူ တွဲဖက်ဓာတ်ပုံရိုက်ကူးထားတာကိုလည်းတွေ့ရပါတယ်။

Cele Star