စည်ပင်က ဖျက်စီးတာခံလိုက်ရတဲ့ အသီးသည်အဘဆီ အရောက်သွား လှူခဲ့တဲ့ ရွှေပိုးအိမ်

အနုပညာ

တနေ့က လူမှုကွန်ယက်ပေါ်မှာ ဟိုးလေးတကြော်ကြော်ဖြစ်သွားတဲ့ လိမ္မော်သီးသည် အဘဆီကို ရွှေပိုးအိမ်က အရောက်သွားခဲ့ပါတယ်။

Image may contain: 1 person, food

သရုပ်ဆောင် ရွှေပိုးအိမ်လို့ လူသိများလာရတဲ့အကြောင်းအရင်းမှာ သူမရဲ့ စန်းတစ်ခုလည်းပါဝင်သလို လိုအပ်နေတဲ့သူတွေကို ကူညီဖေးမတတ်တဲ့ သူမရဲ့ စိတ်ကောင်းစေတနာလေးကြောင့်လည်းဖြစ်ပါတယ်။ ရွှေပိုးအိမ်က သူမကိုအားပေးတဲ့ အမာခံဖန်အများအပြားကိုလည်း ပိုင်ဆိုင်ထားသူပါ။

Image may contain: 3 people, people eating, people sitting, child and food

Image may contain: 4 people, people sitting and child

ဒီရက်ပိုင်း လူမှုကွန်ယက်ပေါ်မှာ ဗိုလ်ချုပ်ဈေးထဲက အသီးရောင်းတဲ့ အဘကို ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး အရင်းအနှီးတွေ ဖျက်စီးခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ဝေဖန်မှုအမျိုးမျိုးခံနေရတာဖြစ်ပါတယ်။ အသီးသည်အဘဟာ လှိုင်သာယာကနေပြီး ဗိုလ်ချုပ်ဈေးထဲကို အသီးလာရောင်းရတာဖြစ်ပြီး မသန်စွမ်းသမီးလေးအပါအဝင် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။

Image may contain: 3 people, people sitting, people standing and indoor

Image may contain: 1 person

အဘရဲ့အရင်းအနှီးတွေကို ဖျက်စီးလိုက်တာကြောင့် လူမှုကွန်ယက်သုံးစွဲသူတွေက အဘကို သွားရောက်လှူဒါန်းဖို့ နဲ့ အဘကို နေရာအတည်တကျ ဈေးရောင်းချနိုင်အောင် ကူညီပေးဖို့ အမျိုးမျိုးကြိုးစားနေကြတာကိုလည်းတွေ့ရပါတယ်။

Image may contain: 3 people, people sitting

ရွှေပိုးအိမ်ကတော့ ဒီအဘဆီကို အရောက်သွားခဲ့ပြီး အဘရဲ့ သမီးလေးအတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အဘအိမ်ထိကိုလည်း လိုက်သွားပြီး အဘရဲ့သမီးကို သွားရောက်ကြည့်ရှုဦးမှာဖြစ်တယ်လို့ သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ ရေးသားလာခဲ့တာပါ။

Image may contain: 4 people, people sitting, child and food

စိတ်ကောင်းစေတနာရှိတဲ့ရွှေပိုးအိမ် ဒီထက်မက ပိုမိုအောင်မြင်ပြီးတော့ လူသားအကျိုးပြု အလုပ်တွေကိုလည်း ပိုမိုလုပ်ကိုင်ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Image may contain: 1 person, smiling, standing and outdoor

Cele Star