သူ့ရဲ့မန်နေဂျာကို ဖွေးဖွေးလိုရှေ့ဆံပင်ကေ စနောက်ပြီးညှပ်ပေးခဲ့တဲ့ ပိုင်တံခွန်
အနုပညာ
Unicode
နိုင်ငံကျော် မင်းသားတစ်လက်ဖြစ်တဲ့ ပိုင်တံခွန်က ချိုသာတဲ့အပြုံးလေးတွေနဲ့ နူးညံ့တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတာကြောင့် လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က အနုပညာလောကမှာ အအောင်မြင်ဆုံး ကြယ်ပွင့်တစ်ပွင့်ဖြစ်သလို အပြင်မှာလည်း သူ့ရဲ့ ရင်းနှီးဖော်ရွေမှုကြောင့် လူချစ်လူခင် ပေါများသူတစ်ယောက် ဖြစ်ပါတယ်။
Image may contain: 1 person, smiling, standing
ပိုင်တံခွန်က သူ့ရဲ့ အနီးအနားမှာရှိတဲ့ မန်နေဂျာ၊ မိတ်ကပ်ဆရာ၊ ဓာတ်ပုံဆရာတွေကိုလည်း သူနဲ့ ညီအစ်ကိုအရင်းတွေလို ရင်းရင်းနှီးနှီးနဲ့ ပြောမနာဆိုမနာ ဆက်ဆံသူတစ်ယောက် ဖြစ်ပါတယ်။
Image may contain: 1 person, smiling, night and closeup
ဒီနေ့မှာလည်း ပိုင်တံခွန်က သူ့ရဲ့ မန်နေဂျာကို စနောက်ပြီး သူကိုယ်တိုင် ဆံပင်တွေ ညှပ်ပေးခဲ့တာကို တွေ့ရပါတယ်။ ပိုင်တံခွန်ကတော့ ဆံပင်သေသေချာချာညှပ်ပေးခဲ့ပေမယ့် သူ့ရဲ့ မန်နေဂျာကတော့ ငိုရမလို၊ ရယ်ရမလို ဖြစ်နေတာကို တွေ့ရပါတယ်။
Image may contain: 3 people, people standing
ပိုင်တံခွန်ရဲ့ မန်နေဂျာက “ဆံပင်ရှေ့အဖုတ်က ဖွေးဖွေး ကေဖြစ်နေပြီ ပိုင်တံခွန်ညှပ်လိုက်တာ ကယ်ပါအုန်း အကို Ye Htoo ရေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားတာကို တွေ့ရပါတယ်။
Image may contain: 3 people, people smiling, people sitting, night and closeup
Image may contain: 4 people, people smiling, people standing
ပိုင်တံခွန်ကတော့ သူများကို စနောက်ဖို့ ကြံကြံဖန်ဖန်ကို လုပ်တတ်တာပဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တို့အဖြစ်ကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးတင်ရှိပါတယ်။မိုမိုလေး