သင်ဇာနွယ်ဝင်းကတော့ အနုပညာလုပ်ငန်းတွေကို လုံးဝနီးပါးရပ်နားလိုက်ပြီး မိသားစုကိုပဲ အချိန်ပေး ဂရုစိုက်နေခဲ့တာဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ မော်ဒယ်မလေး မင်းသမီးလေးအဖြစ် လူသိများတဲ့ သင်ဇာနွယ်ဝင်းဟာ လက်ရှိမှာ သားသမီး (၂) ဦးထွန်းကားပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ခင်ပွန်းသည်ရဲ့ ချစ်ခင်ဂရုစိုက်မှုတွေကြားမှာ စိတ်ချမ်းသာရသလို ပိုမိုလှပ နုပျိုလာတာလည်း တွေ့ရပါတယ်။
သားလေး Peach ကို မွေးဖွားပြီးနောက်မှာတော့ သမီးလေး တစ်ယောက်ထပ်လိုချင်တယ်ဆိုတဲ့ သင်ဇာနွယ်ဝင်းရဲ့ ဆန္ဒလေးတွေ ပြည့်ဝသွားခဲ့ပါတယ်။ သင်ဇာနွယ်ဝင်းက သူမနဲ့တူပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ထပ်မံမွေးဖွားခဲ့ပါတယ်။
ဒါကြောင့် ဒီတစ်နှစ် တရုတ်နှစ်သစ်ကူးကိုတော့ သူမတို့ရဲ့မိသားစုဝင်အသစ်လေးနဲ့အတူ ဖြတ်သန်းခွင့်ရရှိတော့မှာပဲဖြစ်ပါတယ်။ ဇန်နဝါရီ ၂၄ နဲ့ ၂၅ မှာကျရောက်လာမယ့် တရုတ်နှစ်သစ်ကူးအကြိုနဲ့ နှစ်သစ်ကူးနေ့ကိုတော့ သင်ဇာနွယ်ဝင်းတို့ မိသားစု ၃ ယောက်လုံးက တရုတ်ရိုးရာဝတ်စုံလေးတွေနဲ့ ဖြတ်သန်းဖို့ အဆင်သင့်ဖြစ်နေကြောင်း သူမသုံးစွဲနေတဲ့ အကောင့်မှာ ပုံလေးတွေနဲ့တကွ ဖော်ပြထားတာဖြစ်ပါတယ်။
သင်ဇာနွယ်ဝင်းနဲ့ သားလေး Peach ကိုချစ်ကြတဲ့ ပရိသတ်ကြီးအတွက် နောက်ထပ် သမီးလေးကိုလည်း ချစ်နိုင်အောင်လို့ မိသားစု ၃ ယောက်ရဲ့ချစ်စရာပုံလေးတွေနဲ့တကွ ဖော်ပြလိုက်ပါတယ်နော်။
Cele Star