ရိုက်ကွင်းမှာတင် သီချင်းအတွက် ကီးချိန်ခဲ့ရတဲ့အထိ တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် အခက်အခဲတွေကို ပြောပြလာတဲ့ ချမ်းမြေ့မောင်ချို

အနုပညာ


Image may contain: 1 person, standing


Image may contain: 2 people, people standing and outdoor


Image may contain: 1 person, on stage, night, concert and closeup


Image may contain: 2 people, people standing


Image may contain: 1 person, standing and night

Unicode

ပရိသတ်အချစ်တော် ချမ်းမြေ့မောင်ချိုကတော့ သူ့ရဲ့တစ်ကိုယ်တော် အယ်လ်ဘမ်ကိုစီစဉ်ရင်း ရိုက်ကွင်းမှာတင် သီချင်းအတွက် ကီးချိန်ခဲ့ရတဲ့အကြောင်းကို “Cover art ရိုက်တုန်းက အမှတ်တရလေးတွေ အချိန်တွေဆိုတာမြန်လိုက်တာ အဲ့တုန်းက သွင်းရမဲ့သီချင်းတွေက (၄) ပုဒ်တောင်ကျန်သေးတယ်။ သူ့ကိုအချစ်ဆုံးပဲကို အဲ့နေ့ကမှ ဆရာက shooting ကိုလာပီး key ချိန်တာ အရမ်းစိတ်လှုပ်ရှားခဲ့ရတဲ့ အချိန်တွေပေါ့။ အရမ်းလဲပျော်ခဲ့ရပါတယ် အခုဆို album လေးတောင်ထွက်တာ တစ်လ ကျော်သွားပီး ဝိုင်းဝန်းကူညီပံ့ပိုးခဲ့တဲ့ အယောက်ဆီတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Image may contain: 8 people, people on stage and crowd

မောင်ချို လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မလေး ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season (3) ပြိုင်ပွဲကြီးမှာပါဝင်ယှဉ်ပြိုင်ရင် First Runner ဆုကိုရရှိခဲ့ပြီး ပရိသတ်အခိုင်အမာ ရရှိထားသူလည်းဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးဆုံးသွားပြီး နောက်ပိုင်မှာတော့ Single Song လေးတွေသာထွက်ရှိခဲ့ပြီး ထွက်ရှိသမျှသိချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။

Image may contain: 2 people, people smiling, people standing and text

ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့မှာလည်း သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးအယ်လ်ဘမ်လေးဖြစ်တဲ့ ELEVEN တေးစီးရီးထွက်ရှိခဲ့ပါသေးတယ်။ ချမ်းမြေ့မောင်ချိုကတော့ မကြာသေးမီကမှ ဒဂုံတက္ကသိုလ်မှာ တက်ရောက်နေခဲ့တဲ့ အဝေးသင်အနေနဲ့ ဥပဒေပညာရပ် အထူးပြုဖြင့် ဒုတိယနှစ်ကိုအောင်မြင်ခဲ့ပါတယ်။

Image may contain: 1 person, smiling, standing, shoes and outdoor

Image may contain: 1 person, smiling

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် ချမ်းမြေ့မောင်ချိုကတော့ သူ့ရဲ့တစ်ကိုယ်တော် အယ်လ်ဘမ်ကိုစီစဉ်ရင်း Cover Photo ရိုက်ရင်းနဲ့တောင် သွင်းရမဲ့သီချင်းတွေက (၄) ပုဒ်တောင်ကျန်သေးတာကြောင့် ရိုက်ကွင်းမှာတင် သီချင်းအတွက် ကီးချိန်ခဲ့ရတာတဲ့နော်။