အိမ်ထောင်သက်လည်းတစ်နှစ်ကျော်ပြီဖြစ်တာကြောင့် ရိုတာတွေလည်း ပရိသတ်ကိုချမပြချင်တော့ဘူးဆိုတဲ့ ရွှေမှုံရတီ

အနုပညာ






Unicode

အသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့မင်းသမီးချောလေးကတော့ သဲလိုခေါ်ကြတဲ့ ရွှေမှုံရတီပါ။ရွှေမှုံရတီကတော့ သရုပ်ဆောင်ပိုင်နိုင်လှသလို သီချင်းဆိုတာလည်း ပါရမီပါတဲ့သူတစ်ယောက်လို့ဆိုရမှာပါ။သူကတော့ အဆိုတော်ရွှေထူးနဲ့လက်ထပ်ထားပြီး သီချင်းအသစ်လေးတွေလည်း ထွက်ရှိထားတာဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing
ရွှေနှစ်ရွှေလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ရွှေမှုံရတီနဲ့ရွှေထူးတို့စုံတွဲကတော့ ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲလေးလည်းဖြစ်ပါတယ်။သူတို့နှစ်ဦးပရိသတ်အားကျအောင်ရိုကြတာနဲ့ပတ်သက်ပြီးတော့လည်း “သဲတို့ယူထားတာလည်း တစ်နှစ်ကျော်နှစ်နှစ်နီးပါးရှိနေပြီဆိုတော့ ဒါကြီးကပရိသတ်လည်းပျင်းနေလောက်ပြီ သဲကိုယ်တိုင်လည်းမပြောချင်တော့ဘူး။ကိုယ့်ဖာသာပဲပျော်ရွှင်မှုတွေကို တိတ်တိတ်လေးခံစားတာတော့မယ်။တချို့ဟာတွေက မဖွင့်ပြတာပိုကောင်းတယ်” လို့ ဆိုပါတယ်။

Image may contain: 2 people
သည်းသည်းလှုပ်ချစ်ကြတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ရွှေမှုံကတော့ ရိုတယ်ဆိုတာ ချစ်နေလို့သာ ရိုတယ်ဆိုပြီးဖြစ်လာတာလို့ ခံယူချက်ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်တွေအားကျရတဲ့ ရွှေမှုံရတီတို့စုံတွဲကတော့ “ကမ်း” ဆိုတဲ့ဇာတ်ကားလေးကိုလည်း ရိုက်ကူးတော့မှာပါ။ဒီဇာတ်ကားနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေက ရင်ခုန်နေကြမှာအမှန်ပါပဲနော်…

Image may contain: 1 person, standing