ေမွ်ာ္လင့္မထားဘဲ သိန္းေပါင္းတစ္ေထာင့္ငါးရာႏွစ္ဆယ္တိတိ လႉဒါန္းျဖစ္ခဲ့တဲ့ ေငြဇင္လႈိင္း

အႏုပညာ

ေငြဇင္လႈိင္းကေတာ့ ျမန္မာအိုင္ေဒါ Season-3 ရဲ႕ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္ခဲ့ၿပီး Top-4 အထိတက္လွမ္းကာ ပရိသတ္ရဲ႕အခ်စ္ေတြကိုသိမ္းပိုက္ခဲ့သူတစ္ေယာက္ပါ။သူကေတာ့ အလႉအတန္းမၾကာခဏျပဳလုပ္တတ္သူလည္းျဖစ္ၿပီး မၾကာေသးခင္ကမွ ဇာတိေျမျဖစ္တဲ့ တမူးၿမိဳ႕ေလးက ခ်မ္းေျမ့ရိပ္သာေက်ာင္းမွာ ခမ္းနားလွတဲ့မ်က္ႏွာၾကက္အလႉကိုလႉဒါန္းခဲ့ပါေသးတယ္။

ဒီမ်က္ႏွာၾကက္ကိုေတာ့ ကြၽန္းသစ္နဲ႔ခမ္းခမ္းနားနားျပဳလုပ္ထားတာျဖစ္ၿပီး စုစုေပါင္းကုန္က်စရိတ္သိန္းေပါင္း(၁၅၂၀) ကုန္က်ခဲ့တာပါ။ဒီလိုလႉဒါန္းခဲ့ပုံနဲ႔ပတ္သက္ၿပီး “အလႉေတြကေတာ့ လုပ္ျဖစ္တယ္.. ဒါေပမယ့္ ဒီအလႉကၾကေတာ့ ဒီေလာက္ႀကီးခမ္းခမ္းနားနားျဖစ္သြားမယ္လို႔လည္းမထင္ဘူး.. ဘုန္းဘုန္းတြက္တုန္းကၾကေတာ့ သူတြက္ျပတာ သူကြၽန္းေတြနဲ႔လုပ္ခ်င္တယ္တဲ့..

Image may contain: 1 person, smiling, standing and shoes

ဒီဓမၼာ႐ုံအတြက္ လုံးဝခမ္းခမ္းနားနားႀကီးလုပ္ခ်င္တယ္ဆိုေတာ့ တြက္လိုက္တဲ့အခ်ိန္မွာ ေျခာက္ရာေလာက္ပဲက်မယ္တဲ့.. ၿပီးေတာ့လည္း တစ္ခါတည္း ေပးစရာမွမလိုတာ.. လုပ္အားခေလးေတြ ငါးဆယ္..တစ္ရာ အဲ့လိုေပးမယ္ဆိုေတာ့ အဆင္ေျပတယ္ေပါ့..အဲ့ဒါေၾကာင့္ မိသားစုေတြတိုင္ပင္ၿပီး လႉဒါန္းျဖစ္ခဲ့တာပါ” လို႔ဆိုပါတယ္။

“ဒါေပမယ့္ တကယ့္တကယ္တန္း လက္ခေတြ၊ေဆးဖိုးေတြ အကုန္လုံးေပါင္းလိုက္တဲ့အခ်ိန္မွာ ေထာင္ေက်ာ္က်သြားတယ္ဆိုတာ ဘုန္းဘုန္းတြက္ျပမွ ကိုယ့္အိမ္ကလူေတြေတာင္မသိဘူး.. အိမ္က အစ္မေတြကေတာ့ ဘုန္းဘုန္းကဟိုဟာလိုတယ္ ဒီဟာလိုတယ္ဆို ဒီလိုပဲေပးျဖစ္ေနတာ..

Image may contain: 1 person, shoes

ဒါက တစ္ၿပိဳင္နက္ထဲ လႉတာေတာ့ မဟုတ္ေပမယ့္ ႏွစ္ႏွစ္ေက်ာ္ေလာက္ၾကာတဲ့အခ်ိန္မွာၿပီးသြားတာဆိုေတာ့ တျဖည္းျဖည္းခ်င္းနဲ႔ အဲ့ေလာက္အားျဖစ္သြားတာပါ” လို႔ေျပာၾကားခဲ့ပါေသးတယ္။ဒါ့အျပင္ တမူးသူတစ္ေယာက္အေနနဲ႔ ဇာတိေျမအတြက္ သာသနာေရးအျပင္ ပညာေရး၊က်န္းမာေရးေတြပါ အမ်ားႀကီးဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေပးခ်င္ပါေသးတယ္လို႔လည္း ေျဖၾကားသြားပါတယ္။

Unicode

ငွေဇင်လှိုင်းကတော့ မြန်မာအိုင်ဒေါ Season-3 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့ပြီး Top-4 အထိတက်လှမ်းကာ ပရိသတ်ရဲ့အချစ်တွေကိုသိမ်းပိုက်ခဲ့သူတစ်ယောက်ပါ။သူကတော့ အလှူအတန်းမကြာခဏပြုလုပ်တတ်သူလည်းဖြစ်ပြီး မကြာသေးခင်ကမှ ဇာတိမြေဖြစ်တဲ့ တမူးမြို့လေးက ချမ်းမြေ့ရိပ်သာကျောင်းမှာ ခမ်းနားလှတဲ့မျက်နှာကြက်အလှူကိုလှူဒါန်းခဲ့ပါသေးတယ်။

 

ဒီမျက်နှာကြက်ကိုတော့ ကျွန်းသစ်နဲ့ခမ်းခမ်းနားနားပြုလုပ်ထားတာဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်သိန်းပေါင်း(၁၅၂၀) ကုန်ကျခဲ့တာပါ။ဒီလိုလှူဒါန်းခဲ့ပုံနဲ့ပတ်သက်ပြီး “အလှူတွေကတော့ လုပ်ဖြစ်တယ်.. ဒါပေမယ့် ဒီအလှူကကြတော့ ဒီလောက်ကြီးခမ်းခမ်းနားနားဖြစ်သွားမယ်လို့လည်းမထင်ဘူး.. ဘုန်းဘုန်းတွက်တုန်းကကြတော့ သူတွက်ပြတာ သူကျွန်းတွေနဲ့လုပ်ချင်တယ်တဲ့..

Image may contain: 1 person, standing

ဒီဓမ္မာရုံအတွက် လုံးဝခမ်းခမ်းနားနားကြီးလုပ်ချင်တယ်ဆိုတော့ တွက်လိုက်တဲ့အချိန်မှာ ခြောက်ရာလောက်ပဲကျမယ်တဲ့.. ပြီးတော့လည်း တစ်ခါတည်း ပေးစရာမှမလိုတာ.. လုပ်အားခလေးတွေ ငါးဆယ်..တစ်ရာ အဲ့လိုပေးမယ်ဆိုတော့ အဆင်ပြေတယ်ပေါ့..အဲ့ဒါကြောင့် မိသားစုတွေတိုင်ပင်ပြီး လှူဒါန်းဖြစ်ခဲ့တာပါ” လို့ဆိုပါတယ်။

Image may contain: 5 people

“ဒါပေမယ့် တကယ့်တကယ်တန်း လက်ခတွေ၊ဆေးဖိုးတွေ အကုန်လုံးပေါင်းလိုက်တဲ့အချိန်မှာ ထောင်ကျော်ကျသွားတယ်ဆိုတာ ဘုန်းဘုန်းတွက်ပြမှ ကိုယ့်အိမ်ကလူတွေတောင်မသိဘူး.. အိမ်က အစ်မတွေကတော့ ဘုန်းဘုန်းကဟိုဟာလိုတယ် ဒီဟာလိုတယ်ဆို ဒီလိုပဲပေးဖြစ်နေတာ..

Image may contain: 5 people, shoes and outdoor

ဒါက တစ်ပြိုင်နက်ထဲ လှူတာတော့ မဟုတ်ပေမယ့် နှစ်နှစ်ကျော်လောက်ကြာတဲ့အချိန်မှာပြီးသွားတာဆိုတော့ တဖြည်းဖြည်းချင်းနဲ့ အဲ့လောက်အားဖြစ်သွားတာပါ” လို့ပြောကြားခဲ့ပါသေးတယ်။ဒါ့အပြင် တမူးသူတစ်ယောက်အနေနဲ့ ဇာတိမြေအတွက် သာသနာရေးအပြင် ပညာရေး၊ကျန်းမာရေးတွေပါ အများကြီးဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးချင်ပါသေးတယ်လို့လည်း ဖြေကြားသွားပါတယ်။

Unicode