အနုပညာသက်တမ်းတစ်လျှောက်မှာ ကြီးမားတဲ့အခွင့်အရေးကို ရလိုက်ပြီဆိုတဲ့ သဇင်ထူးမြင့်

အနုပညာ


Image may contain: 1 person, smiling, standing

Image may contain: 1 person, smiling, drink and outdoor


Image may contain: 1 person, flower, plant, tree, outdoor and nature

Image may contain: 1 person, standing and outdoor


Image may contain: 1 person, smiling, sitting, flower, child, outdoor and nature



Image may contain: 2 people, flower, plant, outdoor and nature

Unicode

သဲလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ သဇင်ထူးမြင့်ကတော့ အကယ်ဒမီရွှေကြိုကနေတစ်ဆင့် ဦးခင်လှိုင်ရဲ့သမီးတစ်ယောက်အနေနဲ့ ပရိသတ်တွေအသိမှတ်ပြုအားပေးခဲ့သူတစ်ယောက်ပါ။အနေအထိုင်ယဉ်ကျေးသိမ်မွေ့ပြီး ရိုးအေးတာကလည်း သဇင်ထူးမြင့်ကိုပရိသတ်တွေ အချစ်ပိုစေတဲ့အချက်ပဲဖြစ်ပါတယ်။

Image may contain: 1 person, smiling, indoor

သူကတော့ ကျောင်းတစ်ဖက်နဲ့အနုပညာအလုပ်တွေဖြစ်တဲ့ ကြော်ငြာရိုက်ကူးရေးတွေ၊ သီချင်းဗွီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့အပြင် ဒီထက်အနုပညာအလုပ်တွေပိုမိုလုပ်ရနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ဒါ့အပြင် သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်လမ်းတွဲ အတွေ့အကြုံအနေနဲ့ ဆုံစည်းခွင့် ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင်ခွင့်ရရှိထားပါသေးတယ်။

Image may contain: 1 person, standing and shoes

တစ်စထက်တစ်စ အနုပညာအလုပ်တွေပိုမိုလုပ်ကိုင်လာတဲ့ သဲကတော့ “(၂၀၂၀)ကလည်း အနုပညာနဲ့ပတ်သက်ပြီး သဲအတွက် ကံကောင်းတဲ့နှစ်လေးဖြစ်လာပါပြီ… ကြီးမားတဲ့အခွင့်အရေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်.. အကောင်းဆုံးကြိုးစားပါမယ်… Hearties လေးတွေအတွက် Surprise ပါ…ဘာလေးလဲ ဆိုတာကတော့” ဆိုပြီး ပဟေဠိဖွက်ခဲ့ပါသေးတယ်။

Image may contain: 1 person, sky and outdoor

သဲရဲ့ ပရိသတ်တွေကတော့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးခွင့်ရတော့မှာလားဆိုပြီးတော့ ထင်ကြေးပေးခန့်မှန်းမှုတချို့ မှတ်ချက်ပေးရေးသားခဲ့တာပါ။ကြိုးစားမှုကြောင့် အချိန်တိုအတွင်းမှာ နေရာတစ်ခုရလာတဲ့ သဲကို ရုပ်ရှင်ပိတ်ကားထက်မှာမြင်ရတော့မလားဆိုတာကတော့ ပရိသတ်ကြီးခန့်မှန်းကြည့်ကြပါဦးနော်….