ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ကလေးလေးတစ်ယောက်လို လှပလွန်းတဲ့ မြတ်ရတနာကျော်ကို ယောကျာ်းလေး၊ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မြတ်ရတနာကျော်က မော်ဒယ်၊ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အရင်ကလောက် အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်တော့ပါဘူး။ ဒါပေမယ့် မြတ်ရတနာကျော်က သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် ကြိုးစားနေလျက်ရှိပါတယ်
အသက် (၂၅) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မြတ်ရတနာကျော်က အဆိုတော် Ah Boy နဲ့ လက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေး Scarlett ဖြိုးထွန်းကို မွေးဖွားထားတဲ့ မေမေတစ်ယောက်ပဲ ဖြစ်ပါတယ်။
မြတ်ရတနာကျော်က ဒီတစ်ခေါက်မှာတော့ ဆွဲဆောင်မှုရှိတဲ့ အနက်ရောင်ဝတ်စုံလေးနဲ့ အရမ်းလှနေတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် မြတ်ရတနာကျော်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
မြတ်ရတနာကျော်က ကလေးတစ်ယောက်မေမေဖြစ်ပေမယ့် အပျိုလေးတွေရှုံးအောင် အရမ်းလှနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း မြတ်ရတနာကျော်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။
မြတ်ရတနာကျော်ကတော့ တစ်နေ့တစ်ခြား ပိုလို့တောင် လှလာတာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။မိုမိုလေး