ကိုယ့်တန်ဖိုးကို ကိုယ့်အတွင်းသဏ္ဍာန်မှာသာရှာပါဆိုတဲ့ ချစ်သုဝေ

အနုပညာ

နိုင်ငံကျော် သရုပ်ဆောင်နှင့် အဆိုတော် ချစ်သုဝေက ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ အချိန်တွေအတူတူ ဖြတ်သန်းရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ချစ်သုဝေက သူမရဲ့ မြောက်များစွာသောအလုပ်တွေနဲ့မှ ချစ်ရတဲ့ ခေတ်နဲ့သစ်ကိုလဲ စနစ်တကျပြုစုစောင့်ရှောက်နေတဲ့ မိခင်ကောင်းတစ်ဦးလဲ ဖြစ်ပါတယ်။ ချစ်သုဝေက မိသားစုလေးကို အချိန်ပေးရင်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်တောက်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။


အမြဲတမ်း ရိုးရိုးယဉ်ယဉ်လေးနဲ့သာတွေ့ရတတ်တဲ့ ချစ်သုဝေကို ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေ မြင်ဖူးနေကျမဟုတ်တဲ့ အမိုက်စား ဒီဇိုင်းကာလာ၊ အနေအထားနဲ့ တွေ့မြင်ရပါတယ်။

ချစ်သုဝေက PunHlaing Silom Hospital 2020 staff party မှာ သီချင်းဆို ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


ချစ်သုဝေကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ပေမယ့် သီချင်းတွေကို သီဆိုနေဆဲ ဖြစ်ပါတယ်။

ချစ်သုဝေကတော့ အခုဝတ်ထားတဲ အနက်ရောင်ဝတ်စုံလေးနဲ့ အရမ်း လိုက်ဖက်နေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး